လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းကလည်း ဂျက်တီဂျဂျာဆိုတဲ့ ရွာလေးမှာ ညနေပိုင်း မှောင်ရီပျိုးချိန်မှာ ကလေးတွေပျောက်သွားတဲ့အမှုကိစ္စဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ နံပါတ်၁ ဇာတ်ကားမှာ ရိုက်ကူးပြသထားခဲ့ပြီးပါပြီ။
အခုဇာတ်လမ်းမှာတော့ ဂျက်တီဂျဂျာရွာရဲ့ဘေးက ဂီရီတီတိုဆိုတဲ့ရွာလေးမှာ ဂျက်တီဂျဂျာရွာလေးအတိုင်းပဲ မှောင်ရီပျိုးချိန်မှာ ဘေးရွာမှာ ဘောလုံးပွဲပြိုင်လို့အပြီး ကလေးတွေကို ရွာပြန်ခေါ်လာခဲ့တဲ့ကားဟာ လူတစ်ယောက်ကို တိုက်မိရာကနေ ပါလာတဲ့ကလေးရှစ်ယောက်တည်းက နှစ်ယောက်သာ အိမ်ပြန်ရောက်ပြီး ကျန်တဲ့ခြောက်ယောက်ကတော့ ပျောက်ဆုံးသွားခဲ့ပါတယ်။
အိမ်ပြန်ရောက်လာတဲ့ နှစ်ယောက်တည်းက ဝူလန်ဆိုတဲ့ကလေးမလေးဟာလည်း လူကြီးတွေအရှေ့ဆိုရင် အကောင်း ကလေးချင်းတွေ့ပြီဆိုရင် ကြောင်စီစီဖြစ်ပြီး ခြောက်လှန့်မှုတွေ ပြုလုပ်ပါတော့တယ်။
ဒီလိုဖြစ်ရပ်တွေ ဘာကြောင့်ဖြစ်ရတာလဲ .......
