📢 𝐒𝐚𝐯𝐞 𝐭𝐡𝐞 𝐃𝐚𝐭𝐞 – 𝟑/𝟐𝟎𝟐𝟔 𝐌𝐌𝐄𝐋𝐓 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 🗓️✨
ဟလို ဟလို တီချာတို့ရေ... ✨
𝐆𝐑𝐄𝐄𝐍 𝐓𝐀𝐑𝐀 နဲ့ 𝐓𝐞𝐚𝐜𝐡𝐞𝐫 𝐒𝐮 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 တို့ပူးပေါင်းပြီး နေပြည်တော်မှာ ကျင်းပသွားမယ့် 𝐌𝐌𝐄𝐋𝐓 𝟑/𝟐𝟎𝟐𝟔 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 ကြီးရဲ့ Theme ကိုလည်း မျှဝေပေးလိုက်ချင်ပါတယ်နော်။
🏫နေပြည်တော်မှာကျင်းပမဲ့ 𝐌𝐌𝐄𝐋𝐓 𝟑/𝟐𝟎𝟐𝟔 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 ရဲ့ Theme ကတော့ 🔊 “𝐘𝐨𝐮𝐧𝐠 𝐕𝐨𝐢𝐜𝐞𝐬, 𝐁𝐢𝐠 𝐅𝐮𝐭𝐮𝐫𝐞𝐬: 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞, 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐞𝐝 𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦𝐬 𝐟𝐨𝐫 𝟐𝟏𝐬𝐭 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬” ပဲ ဖြစ်ပါတယ်။
⭐ ဒီ Theme အောက်မှာ ဖန်တီးမှုစွမ်းရည်ပြည့်ဝပြီး ကျောင်းသားဗဟိုပြုအတန်းတွေကို ဘယ်လိုတည်ဆောက်မလဲဆိုတာကို တီချာတွေ အားလုံးတူတူ ဆွေးနွေးနိုင်မှာပါနော်။
📢ယနေ့ခေတ် ၂၁ ရာစုမှာ အရေးအပါဆုံးဖြစ်တဲ့
💡 𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠
💡 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧
💡 𝐂𝐨𝐥𝐥𝐚𝐛𝐨𝐫𝐚𝐭𝐢𝐨𝐧
💡 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐢𝐭𝐲
စတဲ့ စွမ်းရည်တွေကို ကျောင်းသားတွေအတွက် ဘယ်လိုဖွံ့ဖြိုးအောင် သင်ကြားပေးမလဲဆိုတဲ့ လက်တွေ့အသုံးချနိုင်မယ့် နည်းလမ်းကောင်းတွေကို အားလုံးအတူတူ မျှဝေဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
💭💡အမြဲပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ စာအုပ်ထဲက Knowledge တင်မကဘဲ ကျောင်းသားတွေရဲ့ အသံတွေ၊ ယုံကြည်မှုတွေ၊ အနဂတ်လမ်းကြောင်းတွေကို ဘယ်လိုအကောင်းဆုံး တည်ဆောက်ပေးမလဲဆိုတာကို တီချာတို့ကိုယ်တိုင်လည်း ပါဝင်ဆွေးနွေးနိုင်မှာပါ။
🌍 ခေတ်သစ်စာသင်ခန်းတွေရဲ့ ပြောင်းလဲလာတဲ့ အခန်းကဏ္ဍနဲ့အညီ ဘာသာစကားကို လက်တွေ့ဘဝနဲ့ ချိတ်ဆက်အသုံးချတတ်ဖို့က ပိုပြီးအရေးကြီးလာပါတယ်။
💭 ဒါကြောင့် ဒီ Conferenceကြီး မှာ စာသင်ခန်းတွေကနေ ကျောင်းသားတွေရဲ့ အသံကို ပိုမိုနားထောင်ပေးနိုင်မယ့်၊ ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို နှိုးဆွပေးနိုင်မယ့် Classrooms တွေကို အတူတူ ပုံဖော်သွားနိုင်ဖို့.....
🎤💭တီချာတို့အားလုံး အချင်းချင်း အမြင်ချင်းဖလှယ်ရင်း ပိုမိုကောင်းမွန်တဲ့ စာသင်ခန်းတွေဆီကို အတူတူ လျှောက်လှမ်းဖို့ နေပြည်တော်မှာ ကျင်းပမယ့်𝐌𝐌𝐄𝐋𝐓 𝟑/𝟐𝟎𝟐𝟔 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 ကြီးကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
📩ဒီလို အခွင့်အရေးကောင်းတစ်ခုကို လက်မလွှတ်ရအောင် အခုကတည်းက Calendar ထဲမှာ ရက်လေးကို ကြိုပြီး 𝐒𝐚𝐯𝐞 𝐭𝐡𝐞 𝐃𝐚𝐭𝐞 လုပ်ထားကြစို့နော် တီချာတို့ရေ။
🗓️ 𝐃𝐚𝐭𝐞: 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝟔, 𝟐𝟎𝟐𝟔
🏢 𝐕𝐞𝐧𝐮𝐞: 𝐓𝐞𝐚𝐜𝐡𝐞𝐫 𝐒𝐮 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 (𝐍𝐚𝐲𝐩𝐲𝐢𝐝𝐚𝐰 𝐂𝐚𝐦𝐩𝐮𝐬)
🔊𝐓𝐡𝐞𝐦𝐞: 𝐘𝐨𝐮𝐧𝐠 𝐕𝐨𝐢𝐜𝐞𝐬, 𝐁𝐢𝐠 𝐅𝐮𝐭𝐮𝐫𝐞𝐬: 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞, 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐞𝐝 𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦𝐬 𝐟𝐨𝐫 𝟐𝟏𝐬𝐭 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬
Conference နဲ့ ပတ်သက်တဲ့ အသေးစိတ် အစီအစဉ်တွေ၊ Speakerတွေကို Green Tara Page လေးမှာ ဆက်လက်ကြေညာပေးသွားမှာမို့ မျက်ခြေမပြတ် စောင့်ကြည့်ပေးဖို့ မမေ့နဲ့ဦးနော် တီချာတို့ရေ... 😍📣
✨ [English Version] ✨
Hello Hello, Teachers! 🎉🎉
We are absolutely thrilled to officially share the inspiring theme for our upcoming 𝐌𝐌𝐄𝐋𝐓 𝟑/𝟐𝟎𝟐𝟔 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 in Nay Pyi Taw!
Following our impactful gatherings in Mandalay and Kalaw, we are continuing our journey under the powerful focus of:
🔊 “𝐘𝐨𝐮𝐧𝐠 𝐕𝐨𝐢𝐜𝐞𝐬, 𝐁𝐢𝐠 𝐅𝐮𝐭𝐮𝐫𝐞𝐬: 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞, 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐞𝐝 𝐂𝐥𝐚𝐬𝐬𝐫𝐨𝐨𝐦𝐬 𝐟𝐨𝐫 𝟐𝟏𝐬𝐭 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬”
⭐ This conference is a grand platform dedicated to exploring how we can seamlessly design student-centered, highly creative learning environments. It’s an event you definitely do not want to miss!
📢 Together, we will dive deep into practical, actionable strategies for fostering the essential 21st-century skills that our students need most today:
💡 𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠
💡 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧
💡 𝐂𝐨𝐥𝐥𝐚𝐛𝐨𝐫𝐚𝐭𝐢𝐨𝐧
💡 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐢𝐭𝐲
💭💡 In an ever-evolving world, education goes far beyond the pages of a textbook. It is about actively cultivating our students' unique voices, inner confidence, and future-ready capabilities. At MMELT 2026, you will have the perfect opportunity to engage in meaningful, robust discussions and share your own valuable insights!
🌍 As the role of the modern classroom shifts, helping students connect language learning to real-life application has become more critical than ever.