အင်္ဂလိပ်စာကို အခြေခံကောင်းအောင် သင်ပေးလို့ ကျေးဇူးပါတီချယ်... 💘… — Grammar Corner — TG.ME

အင်္ဂလိပ်စာကို အခြေခံကောင်းအောင် သင်ပေးလို့ ကျေးဇူးပါတီချယ်... 💘

​YLE Grammar + Writing အတန်းမှ သမီးလေး Thein Mwae Depar ရဲ့ မေမေ ပေးပို့လာတဲ့ သမီးလေးရဲ့ တိုးတက်မှု သတင်းစကားလေးကြောင့် တီချယ်တို့အနေနဲ့ အရမ်းပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်ခင်ဗျာ။ 🥰🌼

​သမီးလေးဟာ Silver Level အတန်းမှ စတင်တက်ရောက်ခဲ့တာဖြစ်ပြီး၊ အခုဆိုရင်တော့ Gold Level ကိုတောင် မကြာခင်အချိန်မှာ အောင်အောင်မြင်မြင် ပြီးစီးတော့မှာ ဖြစ်ပါတယ်။ 🎓

​Grammar Corner ရဲ့ အတန်းတိုင်းမှာ English-to-English Teaching စနစ်ကိုသာ အဓိကထား အသုံးပြုသင်ကြားပေးတာဖြစ်တာကြောင့် သင်တန်းတက်ခါစမှာ သမီးလေးအတွက် အင်္ဂလိပ်လို နားလည်နိုင်ဖို့ အနည်းငယ် အခက်အခဲလေးတွေ ရှိခဲ့ပါတယ်။

​ဒါပေမဲ့ သမီးလေးရဲ့ အလျော့မပေးဘဲ စဉ်ဆက်မပြတ် ကြိုးစားမှု၊ တီချယ်တို့ရဲ့ အနီးကပ် လမ်းညွှန်ဂရုစိုက်ပေးမှုတွေကြောင့် အခုဆိုရင်တော့ သမီးလေးဟာ...

အင်္ဂလိပ်စာကို စိုးရိမ်ကြောက်ရွံ့ခြင်းမရှိတော့ဘဲ
ကိုယ်ပိုင် Confidence အပြည့်နဲ့ ပျော်ရွှင်စွာ လေ့လာသင်ယူနေနိုင်ပြီ ဖြစ်ပါတယ်ခင်ဗျာ။

​အခြေခံကောင်းအောင် အပင်ပန်းခံ ကြိုးစားခဲ့တဲ့ သမီးလေးအတွက်ရော၊ တီချယ်တို့အပေါ် ယုံကြည်စွာနဲ့ အမြဲတမ်း ပံ့ပိုးအပ်နှံပေးပါသော မေမေနဲ့ဖေဖေတို့ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ သမီးလေး ဒီထက်မက ပိုမိုထူးချွန်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ 💖🌟

#GrammarCorner
#EnglishGrammar
#EnglishWriting
#YoungLearners
#EnglishClass
#OnlineClass
#Feedback
❤5
August 29, 2026 624