ဝမ်းနည်းတယ်ဆိုတာနဲ့ 'Sad' ဆိုတဲ့ စကားလုံးတစ်လုံးတည်းကိုပဲ… — Grammar Corner — TG.ME

ဝမ်းနည်းတယ်ဆိုတာနဲ့ 'Sad' ဆိုတဲ့ စကားလုံးတစ်လုံးတည်းကိုပဲ သုံးနေမိသလား...☹️

ဒါဆိုရင်တော့ သင့်ရဲ့ Writing နဲ့ Speaking ပိုပြီးအဆင့်မြင့်သွားအောင် ဒီစကားလုံးလေးတွေနဲ့ အစားထိုး သုံးကြည့်နော်

​ဝမ်းနည်းစိတ်မကောင်းဖြစ်တဲ့ ခံစားချက်ကို 'Sad' တစ်လုံးတည်းမဟုတ်ဘဲ အခြေအနေအလိုက် အသုံးပြုဖော်ပြနိုင်မယ့် ယခု Adjectives စကားလုံး (၅) လုံးကို ဥပမာများနှင့်တကွ လေ့လာ ကြည့်ရအောင် 💁‍♂

1⃣ Depressed (စိတ်ဓာတ်ကျပြီး အလွန်အမင်း ဝမ်းနည်းပူဆွေးသော)

​Example: Failing the exam made him feel deeply depressed for a few days.

​(စာမေးပွဲ ကျခြင်းက သူ့ကို ရက်ပေါင်းများစွာ စိတ်ဓာတ်ကျ ဝမ်းနည်းသွားစေခဲ့ပါတယ်)

2⃣ Heartbroken (နှလုံးသားကွဲကြေမတတ် အသည်းကွဲ ဝမ်းနည်းသော)

​Example: She was heartbroken when her favorite pet passed away.

​(သူမ အချစ်ရဆုံး အိမ်မွေးတိရစ္ဆာန်လေး ဆုံးပါးသွားတဲ့အခါ သူမ နှလုံးသားကွဲကြေမတတ် ဝမ်းနည်းခဲ့ရပါတယ်)

3⃣ Gloomy (ဝမ်းနည်းပူဆွေးသော စိတ်ဓာတ်ကျစရာကောင်းသော/ မှုန်မှိုင်း​နေသော)

​Example: The rainy weather put everyone in a gloomy mood.

​(မိုးအေးအေး ရာသီဥတုက အားလုံးကို ဝမ်းနည်းပူဆွေးစရာကောင်းတဲ့ ခံစားချက်မျိုး ဖြစ်စေခဲ့ပါတယ်)

4⃣ Melancholy (စိတ်အားငယ်စေသော/ ဆွေးမြေ့ စိတ်မကောင်းဖြစ်သော)

​Example: The soft music created a melancholy atmosphere in the room.

​(ငြိမ့်ညောင်းတဲ့ ဂီတသံလေးက အခန်းထဲမှာ ဆွေးမြေ့စရာ ကောင်းတဲ့ အငွေ့အသက်ကို ဖန်တီးပေးခဲ့ပါတယ်)

5⃣ Devastated (ယူကျုံးမရဖြစ်စေသော/ ပြင်းထန်စွာ စိတ်ထိခိုက်စေသော)

​Example: The family was devastated by the news of the sudden accident.

​(ရုတ်တရက် ရေဒီယိုကကြားလိုက်ရတဲ့ မတော်တဆထိခိုက်မှု သတင်းကြောင့် မိသားစုတစ်ခုလုံး ပြင်းထန်စွာ စိတ်ထိခိုက် ဝမ်းနည်းခဲ့ကြရပါတယ်)

ဒီနေ့ကစပြီး "Sad" ဆိုတဲ့ စကားလုံးလေးတစ်ခုတည်းကို ခဏခဏသုံးနေမယ့် အစား၊ အခြေအနေအလိုက် ဒီလိုစကားလုံး လေးတွေကို ပြောင်းလဲအသုံးပြုကြည့်ပါ။ သင့်ရဲ့ Writing ရော Speaking မှာပါ ချက်ချင်း Level မြင့်သွားတာကို သတိပြုမိလာပါလိမ့်မယ်နော်။ 🤩

#GrammarCorner
#EnglishGrammar
#EnglishWriting
#Vocabulary
#Sharing
❤16🥰1
August 28, 2026 719 5