ဂဏန်းဆင်းပြီးမှ မိမိတို့ပေးသောဂဏန်း မှန်ကန်ကြောင်း Screen Shot… — Golden Key — TG.ME

ဂဏန်းဆင်းပြီးမှ မိမိတို့ပေးသောဂဏန်း
မှန်ကန်ကြောင်း Screen Shot များတင်ခြင်း
ထိုးကြေး ပေါက်ကြေးများမန့်ခြင်းကို
ဘာကြောင့်ဂရုမှာ ခွင့်မပြုသလဲ


ပြဿနာအစကဒီလိုရှိပါတယ်။

ဂဏန်းဆင်းပြီးတာနဲ့
ဂဏန်းပေးမှန်ကန်ကြောင်း
Screen Shot တွေတင်ကြတယ်
မိမိတို့ ဘယ်လောက်ဖိုးပေါက်တယ်
ဆိုတာကို ထိုးကြေးတွေ တင်ကြတယ်

အဲလိုတင်တာတွေကို
တစ်ကြိမ်တွေ့ နှစ်ကြိမ်တွေ့
သုံးလေးငါးကြိမ်လောက်တွေ့လာတော့
ရှုံးနေတဲ့ကစားသူတွေက သူတို့ကို
သတိထားမိလာကြတယ်။
အမြဲတမ်းပေါက်နေ မှန်နေတော့
အားကျလာကြတယ်။ အထင်ကြီးလာကြတယ်
လက်ရှိသူတို့ရှုံးနေတာအတွက်
အားကိုးရာဖြစ်လာမလားလို့
သူတို့ဆီကို သွားပြီး
ဂဏန်းတောင်းတာမျိုး
ဂဏန်းပေးသူ နဲ့ ထိုးသူ အချင်းချင်း
ဆက်သွယ်လာကြတယ်။
အဆင်ပြေနေတုန်းကတော့
ဘာသံမှထွက်မလာကြဘူး
ဂဏန်းပေးသူက အလကားပေးတာမဟုတ်ဘူး
သူပေးတဲ့ဂဏန်းထွက်သွားလို့
သူ့ကို ငွေမပေးတဲ့အခါ
ကစားသူကို ဆဲတာမျိုး မောက်မာ
မိုက်ရိုင်းတဲ့စကားတွေပြောတာမျိုး
ပြဿနာတွေ ဖြစ်လာတယ်။
အဲလို ပြဿနာတွေ ဖြစ်လာတဲ့အခါကျမှ
ကျွန်တော့်ဂရုမှာ ရင်လာဖွင့်ပြီး
ကျွန်တော်လည်း အကျိုးအကြောင်းသိလာရတယ်
ဒါက ဒီဂရုထဲမှာ အရင်က ကြုံခဲ့ပြီးသား
လူသစ်တွေ သိရအောင် ပြန်လည်
ပြောပြပေးခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဒီပြဿနာတွေနောက်ထပ်
ဒီဂရုထဲမှာ ထပ်ဖြစ်မလာရအောင်
မှန်ကန်ကြောင်း Screen Shot ခွင့်မပြုဘူး
ထိုးကြေး ပေါက်ကြေးမန့်တာတွေ ခွင့်မပြုဘူး
ကစားသူတွေ မဖြစ်သင့်တာတွေ မဖြစ်ရအောင်
တားမြစ်ရခြင်းဖြစ်ပါတယ်။ ကိုယ်ပေးတဲ့ဂဏန်း
မှန်တယ်ဆိုတာကို Screen Shot တကားကားနဲ့
နေရာတကာလိုက်ပြနေစရာမလိုပါဘူး။
ကိုယ်ပေးတဲ့ဂဏန်း မှန်လား မမှန်လားဆိုတာ
ကစားသူတွေ သိနေတာပဲ
ကစားသူတွေလည်း မျက်လုံးပါတာပဲ

ဘရိတ်က မှန်လိုက် ပတ်သီးမှန်လိုက်
အခွေက မှန်လိုက်
ဘာဂဏန်း ဆင်းဆင်း
အကုန်မှန်နေတာမျိုးတွေ
ဂဏန်းပေးသူက အမြဲလက်မထောင်နေရမှာ
မဟုတ်ပါဘူး။ ကိုယ်ပေးတဲ့ဂဏန်းကြောင့်
ကစားသူ ဘယ်နှစ်ယောက် အဆင်ပြေသွားလဲက
ပိုအရေးကြီးပါတယ်။ ကျွန်တော်ကတော့
ကစားသူဘက်ကပဲ ဦးစားပေးတယ်
ဒါကြောင့် ဒီစည်းကမ်းက
ဒီဂရုမှာ ရှိသင့်တယ်လို့ ထင်ပြီး ချမှတ်ခဲ့တာပါ။
အားလုံးလည်း နားလည်သဘောပေါက်ကြမယ်လို့
ထင်ပါတယ်။ အားပေးသူ အားလုံးကို
ကျေးဇူးတင်ပါတယ်။
❤446👍88🥰7😍4💔3
August 29, 2026 8.5K 30 1