ကိုယ့်ကိုယ်ကို အဆင့်မြှင့်တင်နိုင်စေမယ့် 𝗙𝗿𝗲𝗲 𝗪𝗲𝗯𝘀𝗶𝘁𝗲 (၁၂) ခု
▂▂▂▂▂▂▂▂▂▂▂▂▂▂
𝟭. 𝗖𝗼𝘂𝗿𝘀𝗲𝗿𝗮
https://www.coursera.org/
Coursera ဆိုတာလည်း နာမည်ကြီး Learning website တစ်ခုပါ။ Coursera အမည်နဲ့ app လည်း ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ Coursera ကနေ အခုလက်ရှိသင်ယူနေသူ ၃၅ သန်းကျော်ရှိပါတယ်။ တစ်ကမ္ဘာလုံးက တက္ကသိုလ် ၁၅၀ ကျော်နဲ့ချိတ်ဆက်ထားပြီး သင်ခန်းစာပေါင်း ၂၇၀၀ ကျော် ရှိပါတယ်။ Coursera မှာ သင်ခန်းစာအများစုက အခမဲ့ဖြစ်ပါတယ်။ Certificate လိုချင်တယ်ဆိုရင်လည်း ပိုက်ဆံပေးပြီး စာမေးပွဲဖြေလို့ရပါတယ်။ (ဒေါ်လာ ၃၀ က ၁၀၀ ဝန်းကျင်ရှိပါတယ်။)
Coursera App ကလည်း သုံးရတာလွယ်ကူသလို သင်ယူလေ့လာရတာလည်း အလွန်အဆင်ပြေပါတယ်။ ကမ္ဘာတစ်ဝှမ်းက နာမည်ကြီးတက္ကသိုလ်တွေက သင်ခန်းစာတွေကို အခမဲ့လေ့လာနိုင်တာဖြစ်လို့ တန်ဖိုးရှိတဲ့ Website တစ်ခုပါ။ Email တစ်ခုရှိရုံနဲ့ login ဝင်ပြီး မိမိစိတ်ဝင်စားတဲ့သင်ခန်းစာတွေကို စတင်လေ့လာနိုင်ပါပြီ။
▂▂▂▂▂▂▂▂▂▂▂▂▂▂
𝟮. 𝗞𝗵𝗮𝗻 𝗔𝗰𝗮𝗱𝗲𝗺𝘆
https://www.khanacademy.org/
Salman Khan တည်ထောင်ထားတဲ့ Khan Academy က အကျိုးအမြတ်မယူတဲ့ (non-profit) အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူတို့ရဲ့ ရည်မှန်းချက်က “ကမ္ဘာ့အဆင့်မီပညာရေးကို တစ်ကမ္ဘာလုံး ဘယ်နေရာကဖြစ်ဖြစ် အခမဲ့ ရယူနိုင်စေဖို့” ပါ။ (လုံးဝအခမဲ့နော်... ပိုက်ဆံပေးဖို့ option တောင် မရှိဘူး။)
Khan Academy ရဲ့ သင်ခန်းစာပို့ချချက်တွေက အရမ်းနားလည်ရလွယ်ကူလို့ ကျောင်းသူကျောင်းသားတွေ သာမက စာသင်ပေးနေတဲ့ ဆရာဆရာမတွေ အတွက်ပါ အလွန်အသုံးဝင်ပါတယ်။ Physics, Math, Grammar, Science, History, Business အစရှိတဲ့ ကမ္ဘာ့အဆင့် သင်ခန်းစာပေါင်း ၄၀၀၀ ကျော်ရှိလို့ မိမိရဲ့ ကလေးကို အိမ်မှာနေရင်း နိုင်ငံတကာပညာရေးနဲ့ ထိတွေ့ပေးချင်တဲ့ မိဘတွေ၊ ဆရာတွေအားလုံး မဖြစ်မနေ စမ်းသုံးကြည့်သင့်ပါတယ်။
Khan Academy ကို 2010 ခုနှစ်က Bill Gates ကိုယ်တိုင် Public မှာ ချီးကျူးခဲ့ပြီး သူ့ကလေးတွေအားလုံးကိုလည်း Khan Academy ကနေ ပညာသင်ခိုင်းကြောင်း ပြောခဲ့ပါတယ်။ Khan Academy App ကလည်း သုံးရတာလွယ်ကူသလို သင်ယူလေ့လာရတာလည်း အလွန်အဆင်ပြေပါတယ်။
▂▂▂▂▂▂▂▂▂▂▂▂▂▂
𝟯. 𝗲𝗱𝗫
https://www.edx.org/
edX ဟာ နာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ Harvard နဲ့ MIT (Massachusetts Institute of Technology) တို့ ပူးပေါင်းဖန်တီးထားတဲ့ အလန်းစား online learning website တစ်ခုပါ။ edX app လည်းရှိပါတယ်။ edX က သင်ခန်းစာတွေကို အခမဲ့လေ့လာနိုင်တယ်ဆိုပေမယ့် Harvard, MIT, Berkeley နဲ့ Boston University တို့လို့ နာမည်ကြီး တက္ကသိုလ်တွေက ကမ္ဘာ့အဆင့်သင်ခန်းစာတွေဖြစ်လို့ ပညာရေးအရည်အသွေးကို အထူးညွှန်းစရာ မလိုလောက်ဘူးထင်ပါတယ်။
Law, History, Engineering, Computer Science, Business, Entrepreneurship စတဲ့ဘာသာရပ်တွေကအစ Artificial Intelligence (AI) လို ဘာသာရပ်တွေအထိပါ အခမဲ့ လေ့လာနိုင်မှာပါ။ Certificate လိုချင်ရင်လည်း Coursera လိုပဲ ပိုက်ဆံထပ်ပေးပြီး ယူလို့ရပါတယ်။ လက်ရှိသင်ယူလေ့လာနေသူ သန်း ၂၀ ကျော်ရှိပြီး သင်ခန်းစာပေါင်း ၂၄၀၀ ကျော်ရှိထားတာဖြစ်လို့ 2021 မှာ လုံးဝစမ်းကြည့်သင့်တဲ့ website တစ်ခုပါ။ edX က App လည်းရှိတော့ ဖုန်းနဲ့လည်း အလွယ်တကူ လေ့လာသင်ယူနိုင်ပါတယ်။
▂▂▂▂▂▂▂▂▂▂▂▂▂▂
𝟰. 𝗧𝗘𝗗
https://www.ted.com
TED ကတော့ တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်လို့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုပါဘူး။ TED မှာ Business, Beauty, Technology, Science, Engineering, Design, Entertainment, Education တို့ကအစ AI, Astronomy, Blockchain, Humanity အဆုံး နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေရဲ့ အတွေးအခေါ် အိုင်ဒီယာကောင်းတွေ၊ နည်းပညာအသစ်အဆန်းတွေကို ဗဟုသုတရဖွယ် လေ့လာကြည့်ရှုရမှာပါ။ ယနေ့ခေတ်လူငယ်တိုင်းရဲ့ ဖုန်းထဲမှာ TED App တော့ ရှိထားသင့်တယ်နော်!
TED ဗီဒီယိုအများစုက ကြာချိန် ၁၀ မိနစ်မှ မိနစ် ၂၀ အတွင်းပဲရှိလို့ အားလပ်ချိန်နည်းနည်းလေးပဲရတယ်ဆိုရင်တောင် အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်စေမှာပါ။
လမ်းညွှန်။ TED Talks တွေကို အခုမှ စကြည့်လို့ TED Talk တစ်ခုစီရဲ့ concept တွေကို မမိလိုက်ဘူးဆိုရင် (ဒါမှမဟုတ်) ဘယ် TED Talk တွေကို စကြည့်သင့်မှန်း မသိဘူးဆိုရင် 12min Notes Myanmar က အခမဲ့ စီစဥ်ပေးထားတဲ့ 𝗧𝗘𝗗 𝗥𝗲𝘃𝗶𝗲𝘄𝘀 𝗯𝘆 𝟭𝟮𝗺𝗶𝗻 𝗡𝗼𝘁𝗲𝘀 (https://www.facebook.com/12minTEDreviews) Page မှာ TED Talk တစ်ခုစီရဲ့ Key Insights တွေနဲ့ Review တွေကို အခမဲ့ ဖတ်ရှုနိုင်ပါတယ်။ (ဖတ်ရင်းနဲ့မှ ပိုပြီးအတွင်းကျကျ သိချင်ရင် Original Talk ကို ဆက်ကြည့်လို့ရတာပေါ့...)
▂▂▂▂▂▂▂▂▂▂▂▂▂▂
𝟱. 𝗧𝗘𝗗-𝗘𝗱
https://ed.ted.com/
TEDEd website က နာမည်ကျော် TED.com ရဲ့ အခွဲတစ်ခုပါ။ သင်ခန်းစာတွေ၊ အိုင်ဒီယာတွေကို (၅) မိနစ်စာ ဗီဒီယိုဖိုင်လေးတွေနဲ့ ရှင်းလင်းဖော်ပြပေးထားတာဖြစ်လို့ အချိန်ကုန်လည်းသက်သာသလို ကြည့်လို့လည်း အရမ်းကောင်းတဲ့ website တစ်ခုပါ။ Concept တူညီတဲ့ ဗီဒီယိုငယ်လေးတွေအများကြီးကို စုစည်းပြီး Series တွေခွဲပေးထားလို့