သပိတ်ကျင်းမြို့နယ် ၊ ချောင်းကြီးကျေးရွာအတွင်းရှိ စကစအထိုင်စခန်းကုန်းများအား ဝင်ရောက်Tikekhite သိမ်းပိုက်မှု မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအတွင်းရှိ စကစအထိုင်စခန်းကုန်းများအား သပိတ်ကျင်းတိုက်နယ်(ပကဖ)ဗိုလ်လင်းယုန်တပ်ဖွဲ့မှ 15.7.2024 ရက်နေ့မှစတင်၍ ပြင်ဦးလွင်ခရိုင်အမှတ်(၁)တပ်ရင်း၊ အမှတ်(၂)တပ်ရင်း၊ အမှတ်(၅၀၉)တပ်ရင်း၊ အမှတ်(၅၁၀) တပ်ရင်း ၊ ပြင်ဦးလွင်ခရိုင်(ပကဖ)၊ သပိတ်ကျင်းမြို့နယ်(ပကဖ)၊ စဉ့်ကူးမြို့နယ် (ပကဖ)၊ Nine PDF တပ်ဖွဲ့၊ ကန့်ဘလူခရိုင် W89လေယာဉ်ပစ်တပ်ဖွဲ့၊ ပြင်ဦးလွင် Drone တပ်ဖွဲ့ ၊ ရွှေဘိုခရိုင် Drone တပ်ဖွဲ့ ၊ မန်းခရိုင် Drone တပ်ဖွဲ့ တို့နှင့်ပူးပေါင်း၍ (၁၇)တာ ရက်ရှည်Tike ပွဲဆင်နွှဲပြီးနောက် (1.8.2824)ရက်နေ့တွင် စကစများသည် ဆက်လက်တောင့်မခံနိုင်တော့ဘဲ စခန်းကုန်းများအား စွန့်ခွာထွက်ပြေးသွားခဲ့ရသည်။ (2.8.2024)ရက်နေ့တွင် မိမိတို့ဘက်မှ နယ်မြေရှင်းရေး လုပ်ဆောင်ခဲ့ပြီး အလံလွှင့်ထူနိုင်ခဲ့သည်။ ပူးပေါင်းပါဝင်ဆင်နွှဲပေးကြပါသော တပ်ရင်းတပ်ဖွဲ့များနှင့် တစိုက်မတ်မတ်ထောက်ပို့လှူဒါန်းပေးကြသောအလှူရှင်များကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။
သပိတ်ကျင်းမြို့နယ် ၊ ချောင်းကြီးကျေးရွာအတွင်းရှိ… — ဗိုလ်လင်းယုန်တပ်ဖွဲ့(သပိတ်ကျင်းတိုက်နယ် ပကဖ) — TG.ME
August 7, 2024 10.3K 20