The Apartment Job Channel Link https://t.me/+HdoxqRFyQQ4yNmU1… — Fun Fun 🍀 (Link Channel) — TG.ME

The Apartment Job

Channel Link
https://t.me/+HdoxqRFyQQ4yNmU1

ဇာတ်လမ်းကတော့ မာဖီးယားဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ Park Hae-gang ဆိုတဲ့ လူကြမ်းကြီးကနေ စတင်ပါတယ်။ သူဟာ တိုက်ခန်းဝန်းကြီးတစ်ခုထဲမှာ ဝှက်ထားတဲ့ ဘီလီယံနဲ့ချီတဲ့ လျှိဝှက်ငွေတွေကို လက်ဝါးကြီးအုပ်ဖိုအတွက် ရည်ရွယ်ချက်အမှားကြီးနဲ့ ‘တိုက်ခန်းနေထိုင်သူများအသင်း ဥက္ကဋ္ဌ’ ရာထူးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒါပေမယ့် အလွယ်တကူ ခိုးယူဖို ကြံစည်ခဲ့တဲ့ သူ့ရဲ့အကွက်တွေက မျှော်လင့်မထားဘဲ လမ်းလွဲသွားခဲ့ပါတယ်။ တိုက်ခန်းဝန်းကြီးထဲက လူကုံထံတွေ၊ ဩဇာရှိသူတွေရဲ့ နောက်ကွယ်က အဂတိလိုက်စားမှုအရှုပ်ထုပ်ကြီးကို မရည်ရွယ်ဘဲ သွားဖော်ထုတ်မိသလို ဖြစ်သွားခဲ့လိုပါ။ အစပိုင်းမှာတော့ ကိုယ့်အတ္တနဲ့ကိုယ် ပိုက်ဆံပဲ လိုချင်ခဲ့ပေမယ့်၊ နောက်ပိုင်းမှာ တိုက်ခန်းသူ တိုက်ခန်းသားတွေဘက်က မတရားမှုကို တိုက်ဖျက်ပေးရင်း... လူဆိုးကြီးဘဝကနေ အများက အားကိုးရတဲ့ 'မထင်မှတ်ထားတဲ့ ဒေသတွင်းသူရဲကောင်း'အဖြစ် ပြောင်းလဲသွားပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။
❤7🥰1
July 11, 2026 5.7K 27