@FunFun_Channel02 · 35.8K subscribers
The short link opens the channel straight in the Telegram app — not in a browser tab.
tg.me/go/FunFun_Channel02Is this your channel? Add @tgme as admin — and see how many people click your links. Get the stats →
Channel created August 28, 2023per Telegram
We have been tracking it since August 26, 2026
In all that time the channel has changed neither its name, nor its @username, nor its avatar.
We show only what we have seen ourselves.
Four Hands, Two Sonatas Channel Link https://t.me/+e2JCS1W4oc9mMWNl ဂီတပါရမီရှင်တွေ စုဝေးနေတဲ့ ကိုရီးယားအနုပညာအထက်တန်းကျောင်းတစ်ခုမှာ ကမ္ဘာ့အဆင့်မီ piano ကျွမ်းကျင်တဲ့ Kang Bi-o (Song Kang) နဲ့ အရည်အချင်းတွေကို ဖုံးကွယ်ထားတဲ့ Choi Jeong-yo(Lee Jun Young) တိုတွေ့ဆုံကြပါတယ်။ သူငယ်ချင်းကနေ ပြိုင်ဘက်တွေ ဖြစ်လာကြပြီး တစ်ချိန်တည်းမှာပဲ Hong Jae-in ဆိုတဲ့ violist ကလည်း သူတိုနှစ်ယောက်ရဲ့ဘဝထဲ ဝင်လာခဲ့ပါတယ်။ ဂီတ၊ အချစ်၊ ခင်မင်မှုနဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ ကိုယ့်ရဲ့အိပ်မက်နဲ့ အရည်အချင်းတွေကို ရှာဖွေကြတဲ့ လူငယ်တွေရဲ့ Youth Music Romance ဇာတ်လမ်းလေးဖြစ်ပါတယ်။
Mousetrap အပိုင်း (၁) Channel Link https://t.me/+7xkbEZI8IORhMmRl Je Mun Jae ဟာ သီးသန့်နေထိုင်တတ်တဲ့ စာရေးဆရာတစ်ယောက်ပါ။ တစ်နေ့မှာ ဖုန်းရဲ့လက်ဗွေစနစ်က အလုပ်မလုပ်တော့ဘဲ သူ့ရဲ့အလုပ်ကိစ္စတွေကို စီမံပေးတဲ့ သူငယ်ချင်းဖြစ်သူက ပျောက်ကွယ်သွားတဲ့အခါမှာတော့ သူ့ရဲ့အေးချမ်းတဲ့ ဘဝကြီးမှာ ပြောင်းလဲသွားရပါတော့တယ်။ မိမိဖြစ်ကြောင်း ရေရေရာရာ သက်သေမပြနိုင်တော့တဲ့အချိန်မှာ "ကြွက်" လို အမည်ရတဲ့သူက သူ့ရဲ့ နာမည်၊ အထောက်အထားနဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူသွားကြောင်း သိရှိလိုက်ရပါတယ်။ ဒါကြောင့် သူ့ရဲ့ ဘဝကို ပြန်လည်ရယူဖို စိတ်ပိုင်းဖြတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ထိုသူ့နောက်ကို စတင်ခြေရာခံလိုက်ပါတော့တယ်။ No Ja ကတော့ ပိုက်ဆံရဖိုဆိုရင် ဘာမဆိုလုပ်မယ့် တရားမဝင် ငွေတိုးချေးစားသူဖြစ်ပြီး သီးသန့်စုံစမ်းထောက်လှမ်းရေး အေဂျင်စီတစ်ခုကိုပါ တွဲဖက်လုပ်ကိုင်နေသူပါ။ အကြွေးတွေကြောင့် Mun Jae ကို သုံးနှစ်ကြာ လိုက်လံရှာဖွေခဲ့ပြီးနောက် ပြန်တွေ့တဲ့အခါ "ကြွက်" ရဲ့ အထောက်အထားကို ဖော်ထုတ်ဖို အကူအညီတောင်းခံလာတဲ့အချိန်မှာတော့ No Ja တစ်ယောက် ဒီအမှုထဲ ပါဝင်ပတ်သက်လာခဲ့ရပါတယ်။ Mun Jae ဟာ သူ့ရဲ့ဘဝကို ပြန်လည်ရယူဖိုအတွက် No Ja နဲ့ လက်တွဲပြီး အတူတကွ စုံစမ်းလိုက်လံရှာဖွေကြမယ့် လျှိဝှက်ဆန်းကျယ် thriller ကားပဲဖြစ်ပါတယ်။
New Recruit Season 4 အပိုင်း (၁) (၂) တပ်တွင်းဘဝရဲ့ အခက်အခဲတွေကို ဟာသနှောကာ ရသစုံ ပေးစွမ်းနိုင်ခဲ့တဲ့အတွက် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ New Recruit ဟာ Season 4 အဖြစ် ပြန်လည်ထွက်ရှိလာပါပြီ။ ဒီတစ်ခါမှာတော့ အရင်က တပ်သားအသစ်ဖြစ်ခဲ့တဲ့ Park Min-seok က အခုဆို Corporal(တပ်ကြပ်) ဖြစ်လာပြီး တပ်ထဲမှာ အတွေ့အကြုံရှိလာပြီလို့ ပြောရမှာပေါ့နော်။ ဒါပေမယ့် သူတို့ရဲ့ တပ်ခွဲထဲကို ခန့်မှန်းရခက်တဲ့ တပ်သားအသစ် Kim Hyun-wook ရောက်လာတဲ့အခါ အခြေအနေတွေက ပြန်လည်ရှုပ်ထွေးလာပြီး တပ်ကြပ်တစ်ယောက်အနေနဲ့ ဘယ်လိုရုန်းကန်သွားမလဲ... အမိန့်တွေ၊ စည်းကမ်းတွေနဲ့ တပ်သားတွေရဲ့ အလွဲအချော်တွေကြားမှာ ဘယ်လိုဟာသဆန်တဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ်လာမလဲဆိုတာကို အရင် Season တွေထက် ပိုပြီး စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။ Channel Link https://t.me/+yRYUNYqd6K1jNzRl