လောင်စာဆီပြသာနာဟာ တကယ်စိုးရိမ်ဖို့ ကောင်းတဲ့ အခြေအနေ ဖြစ်လာတော့မှာပါ
မနေ့က အသိတယောက် ဆီတန်းစီနေရတယ်ပြောတော့ စကားစပ်မိလို့ ဆီ ဘယ်စျေးဖြစ်နေလဲ မေးကြည့်တာ ၉၅ တလီတာကို ၂၈၉၀ ကျပ်တဲ့
ကိုယ်လည်းမမှုမဲ့ အမှတ်မဲ့ပါပဲ အော် မဆိုးပါဘူးပေါ့ ညနေကျ အသိတယောက် Cb မှာ ဆီဆိုင်တွေအကြောင်း စကားစပ်မိတော့ နိုင်ငံခြားမှာ ဆီတလီတာ ရောင်းစျေးက 1 $ ပျမ်းမျှ ပေးနေရပြီတဲ့ ဒေါ်လာစျေးနဲ့ ပြန်တွက်ရင် ကျပ် ၆၀၀၀ ကျော်နေပြီတဲ့
ပြည်တွင်းထဲ ပြန်သွင်းမယ်ဆို ကုန်ကျမှု အမြတ်နှုန်း ငွေစျေးနှုန်း အတက်အကျပေါ် တွက်ချက်ပြီး ပြန်ရောင်းရင် အနည်းဆုံး ဆီတလီတာစျေးက ၇၅၀၀ အထက်မှာ ဖြစ်သင့်တာမျိုးတဲ့
ဟင်းပေါ့ အဲကျမှ မနက်က ပြည်တွင်းမှာ ဆီတလီတာ ၂၈၉၀ ကျပ်ကို သတိရမိပြီး မျက်လုံးပြူးရတယ် လောင်စာဆီကို ပြည်ပကနေ တင်သွင်းနေရတဲ့ မြန်မာပြည်က ပြည်တွင်းမှာ ဆီ တလီတာ ရောင်းတဲ့စျေးက ပြည်ပထက် သက်သာနေတာ ကိုယ်တောင် ကြောင်သွားတယ်
အဲဒါနဲ့ ထိုင်းမှာ ဆီစျေး ဘယ်လောက်လဲ ပြန်ကြည့်မိတာ ၉၅ တလီတာကို ၃၉.၆၆ ဘတ်တဲ့ ဟင်းးပေါ့ ၄၀ ဘတ်ဆိုရင်ပဲ လက်ရှိငွေစျေးနဲ့ဆို ၆၀၀၀ ကျော် ၇၀၀၀ ဝန်းကျင်လောက် ရှိတယ်မဟုတ်လား
ရိုးရိုးလေးပဲ စဥ်းစားကြည့်နော့် ပြည်ပကနေ ဒေါ်လာနဲ့ဝယ်ပြီး တင်သွင်းနေရတဲ့ လောင်စာဆီက ပြည်တွင်းမှာ ဘာလို့ အဲလောက်သက်သာနေတာလဲ တခုခု မှားနေပြီမဟုတ်လား
တဆက်တည်း ဆီဆိုင်ပိုင်ရှင်တယောက်က ဒီတိုင်းဆို ဘယ်လိုမှ တောင့်ခံနိုင်တော့မှာ မဟုတ်ဆိုပြီးတော့ ပို့်စ်တင်ထားတာ ဖတ်လိုက်ရတယ် ဟာ တခုခုတော့ အကြီးအကျယ် မှားနေပြီပေါ့
တွေးကြည့်တာပေါ့ ဘာကြောင့်လဲပေါ့ တဖြည်းဖြည်း ဆက်စပ်တွေးကြည်တော့မှ နားလည်သွားတာ စစ်ကောင်စီက လောင်စာဆီကို သူတို့ သ-တ်မှတ်ထားတဲ့စျေးနှုန်းအတိုင်း ရောင်းချခိုင်းနေတာကြောင့် ဒီလိုဖြစ်နေတာကို မျက်လုံးထဲ မြင်လာတယ်
ရိုးရိုးလေးပဲ စဥ်းစားကြည့်နော့် အကြီးအကျယ် မှားနေပြီ မဟုတ်လား ပြည်ပကနေ စျေးကြီးပေးဝယ်ထားရတဲ့ဆီကို အနိမ့်စျေးနဲ့ ပြန်ရောင်းနေရတာ ကြားထဲ အဲဒီအရှုံးတွေကို တောင့်ခံပေးထားရတဲ့ လူတန်းစားတရပ်က ကျိန်းေ-သ-ရှိနေတယ်ဆိုတာ မြင်မယ်ထင်တယ်
အဲဒီအရှုံးတွေကို တောင့်ခံပေးနေတဲ့သူတွေက ဘယ်လောက်ထိ ဆက်တောင့်ခံနိုင်မလဲ မတောင့်ခံနိုင်တော့တဲ့အချိန် ရပ်လိုက်မယ်ဆို ဒီတိုင်းပြည်က ဘာဆက်ဖြစ်သွားနိုင်လဲ ဆက်ပြီးတွေးကြည့်ကြည့်နော့်
လက်ရှိ ပြည်တွင်းထဲ လောင်စာဆီ လိုအပ်ချက်က တလကို ဒေါ်လာ သန်း ၃၀၀ လောက် ရှိတယ်လို့ သတင်းတခုမှာ ဖတ်လိုက်ရတယ်
စစ်ကောင်စီကိုယ်တိုင်က ဒေါ်လာလိုအပ်ချက် မြင့်လာတာကြောင့် သွင်းကုန်တွေ ကန့်သ-တ် ပို့ကုန် ဦးစားပေးပြီး အဲဒီကရလာတဲ့ဒေါ်လာတွေကို စျေးနှိမ်ပြီး ဖြတ်ယူနေတယ်
စစ်ကောင်စီဗဟိုဘဏ်ကလည်း စျေးကွက်ထဲ လိုအပ်နေတဲ့ ဒေါ်လာမရောင်းပေးနိုင်ဘူး စျေးကွက်ထဲ ရသလောက် ဝယ်နေသူကသပ်သပ်ရှိပြန်တယ် ငွေကြေးဖောင်းပွမှုတွေကြောင့် ဒေါ်လာစျေးက ဘယ်ချိန် ဘယ်လောက်ထိ ဆက်တက်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး
အဲဒီတော့ ရိုးရိုးလေးစဥ်းစားကြည့်ပေါ့ ဒေါ်လာရှိမှ ဝယ်လို့ရမယ့် ဆီတွေက စျေးကွက်ထဲ ဒေါ်လာနည်းလာရင် ဘယ်လိုဆက်ဖြစ်နိုင်မလဲ
နောက်တခုက ပြည်ပကနေ လောင်စာဆီကို ဒေါ်လာနဲ့ တင်သွင်းပြီး ပြည်တွင်းမှာ အရှုံးခံရောင်းနေတဲ့ အခြေအနေတခုကို ဘယ်သူတွေက ဘယ်လောက်ထိ ဆက်ပြီး တောင့်ခံနိုင်မလဲ
အဲဒီတော့ ပြောလိုတဲ့ အဓိကအချက်က လက်ရှိမှာ ဆီရဖို့ ညနက်သန်းခေါင် တန်းစီရတဲ့အခြေအနေ မဟုတ်တော့ဘူးလို့ ထားလိုက်အုံး ဒေါ်လာရှိလာနေလို့ ဆီတင်သွင်းနိုင်ပြီ ဆီမပြတ်တော့ဘူး ဆီတန်းမစီရတော့ဘူးဆိုပြီး စိတ်ထဲ ခဏ ထားလိုက်အုံး
ပြည်တွင်းဆီစျေးကို ပြည်ပကနေ ဝယ်ယူရတဲ့စျေး ကုန်ကျမှုပေါင်းပြီး ပြန်ရောင်းရမယ့်စျေးတန်းနဲ့ ပြန်ရောင်းကြမယ်ဆိုရင်ပဲ လက်ရှိ တလီတာ ၂၈၉၀ ကျပ် စျေးနှုန်းကနေ တလီတာ ၇၅၀၀ လောက် ခုန်တက်သွားမှာနော့်
ဒါဆိုရင် ဒီတိုင်းပြည်က ဘယ်လိုဖြစ်သွားမလဲ လောင်စာဆီ တလီတာအတွက် ၃၀၀၀ လောက်နဲ့ လည်ပတ်နေတဲ့တိုင်းပြည်က လောင်စာဆီ တလီတာ ၇၅၀၀ ရုတ်ချည်းဖြစ်ရင် စျေးကွက်ထဲ အထွေထွေကုန်ကျမှုတွေက တဆခွဲကျော်တက်လာ ကုန်စျေးနှုန်း တဆခွဲကျော်လောက် ထပ်တက်သွားလိမ့်မယ်လို့ ပြောချင်တာဖြစ်တယ်
တိုင်းပြည်ထဲ ဘယ်လူမှုစီးပွားရေး ဘယ်ကဏ္ဍမဆို လောင်စာဆီနဲ့သာ လည်ပတ်နေရတာဖြစ်လို့ လောင်စာဆီစျေးသာ ရုတ်ချည်း ခုန်တက်မယ်ဆို ဘာဆက်ဖြစ်နိုင်လဲ အထူးသလည် ပြောဖို့ မလိုဘူးလို့ ထင်တယ်
အဲဒီတော့ လက်ရှိအနေအထား ပြန်သွားရင် ဒေါ်လာမရှိလို့ ဆီမသွင်းနိုင်လို့ ဆီပြတ်လာတဲ့အခြေအနေရယ် ဆီတလီတာကို ပြည်ပတင်သွင်းရစျေးထက် ၄၀၀၀ ကျော် အရှုံးခံရောင်းနေကြတဲ့ အခြေအနေတခုရယ်
ဒီအခြေအနေက အချိန်ကိုက်ဗုံ-း-တလုံးလို ဖြစ်လာနေပြီဖြစ်တယ် ဝုန်းကနဲ ထ ပေါ-က်မယ်ဆို ဘာမဆို ဆက်ဖြစ်တော့မယ်ဆိုတာ ပြောပြတာဖြစ်တယ်
အထွေထွေစျေးကွက်တခုလုံး ရုတ်ချည်း ကုန်စျေးနှုန် တဆခွဲကျော် ခုန်တက်မယ့် အခြေအနေက နောက်ဆက်တွဲ ဘာဆက်ဖြစ်နိုင်လဲ တွေးတောင်မတွေးကြည့်ချင် တော်လှန်ယုံမှတပါးမရှိလို့သာ ပြောချင်တော့တယ်
@@
Crd che
3August 15, 2024 331