MOGE ရေနံမှော်ကင်းစခန်းအား တိုက်ခိုက်သိမ်းပိုက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ… — FREE MAN CHANNEL — TG.ME

MOGE ရေနံမှော်ကင်းစခန်းအား တိုက်ခိုက်သိမ်းပိုက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၆) မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်ရှိ MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နှင့် ရေနံကျင်းကင်းစခန်းအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အမှတ် (၁) စစ်ဒေသ၊ ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ABSDF၊ KKG တပ်ရင်း (၄၊ ၅၊ ၆)၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ (Hyper UAV Force) နှင့် ကျောတိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ကပစ-၂၃ မှ ဗိုလ်ကြီး သော်ဇင်အောင်နှင့် ဒု-ရဲအုပ် ကိုကိုအောင် အပါအဝင် ရန်သူ့တပ်သား (၁၂) ဦး သေဆုံးပြီး ကပစ-၂၃ မှ ဒု-အရာခံဗိုလ် ဝင်းမြင့်ထွန်း အပါအဝင် (၁၂) ဦး ဖမ်းဆီးရမိခဲ့သည်။ တိုက်ပွဲအတွင်း လက်နက်မျိုးစုံ (၃၀) လက်၊ ကျည်မျိုးစုံ (၂၆၀၀) ကျော်၊ မိုင်း (၇) လုံး၊ ဗုံးသီး (၆) လုံးနှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။ မိမိတို့ ပြည်သူ့တော်လှန်ရေး ရဲဘော် (၁) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

August 16, 2024 940