၂၆-၈-၂၀၂၆ ရက်တွင် နီပေါနိုင်ငံမြောက်ပိုင်း ရာဆူဝါခရိုင်နှင့် ပတ်ဝန်းကျင်ဒေသများ၌ ဖြစ်ပွားခဲ့သော ရုတ်တရက်ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ထိခိုက်ခံစားခဲ့ရသည့် နီပေါပြည်သူများအတွက် မြန်မာနိုင်ငံအစိုးရမှ အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ နှင့် ပဲမျိုးစုံ မက်ထရစ်တန် ၈ တန် လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တပ်မတော် Y-8 လေယာဉ်ဖြင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ခတ္တမန္ဒူမြို့ရှိ တြိဘူဗန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့အား မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် မြန်မာသံရုံးဝန်ထမ်းများက လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
ထို့နောက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ နီပေါနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး Honourable Mr. Mahabir Pun၊ လွှတ်တော်အမတ် Mr. Dharmaraj K.C. နှင့် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နီပေါအစိုးရကိုယ်စား လက်ခံရယူခဲ့ကြသည်။
15
9September 4, 2026 495 1