သူပုန်လက်ကိုင်တုတ်အဖွဲ့ BRI ရဲ့ သတင်းအမှား
ချင်းပြည်နယ်ဘက်မှာ သင်းအုပ်ဆရာနဲ့ အခြားချင်းလူမျိုးတစ်ဦးကို တပ်မတော်က ဖမ်းဆီးသတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီး ခရစ်ယာန်ဘာသာဝင်တွေကို ကာကွယ်ပေးဖို့ ပြည်ပအားကိုး ပုဆိန်ရိုး BRI အဖွဲ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ဩဂုတ်လ ၂၇ ရက်က တောင်းဆိုခဲ့တယ်လို့သိရပါတယ်။
ဒီဖြစ်စဉ်က မြေပြင်မှာလုံးဝမရှိဘူး။ ဒါဟာ ဘာသာရေးကိုအသုံးချပြီး လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။
BRI ဆိုတာ ဒီလို မဟုတ်မမှန်လုပ်ကြံဇာတ်လမ်းတွေဆင်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းဆီကနေ အလှူငွေနဲ့ အကူအညီတွေရယူဖို့ အမြဲတမ်းကြံစည်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
သူပုန်လက်ကိုင်တုတ်အဖွဲ့တစ်ခုဆီက ရည်ရွယ်ချက်ရှိရှိနဲ့ တပ်မတော်ကိုအပုပ်ချတိုက်ခိုက်ချင်လို့ ဒီလို မဟုတ်မမှန်လုပ်ကြံဇာတ်လမ်းတွေ ထွက်လာတာမဆန်းဘူးလို့ပဲပြောချင်ပါတယ်။

9
5
1September 3, 2026 381 1