နီပေါ ရုတ်တရက် ရေကြီးမှုကြောင့် သေဆုံးသူ ၁,၀၀၀ ကျော်လွန်လာ၊ ထောင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲ
=====
နီပေါနှင့် တရုတ် နယ်စပ်တစ်လျှောက် ဖြစ်ပွားခဲ့သော ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၁,၀၀၀ ကျော်လွန်သွားပြီ ဖြစ်ကြောင်း နီပေါ သဘာဝဘေးအန္တရာယ်ဌာနက ထုတ်ပြန်သည်။
ဩဂုတ် ၂၆ ရက်က စတင်ခဲ့သည့် အဆိုပါ သဘာဝဘေးကြောင့် နီပေါတွင် သေဆုံးသူ ၁,၀၀၃ ဦးရှိပြီး နိုင်ငံခြားသား ၅၈၃ ဦး အပါအဝင် ၃,၉၁၆ ဦး ပျောက်ဆုံးနေသည်။
တရုတ်နိုင်ငံဘက်တွင်လည်း သေဆုံးသူ ၁၆ ဦးရှိကာ ၅၄၆ ဦး ပျောက်ဆုံးနေသည်။
လက်ရှိတွင် ကယ်ဆယ်ရေးအဖွဲ့များသည် အနံ့ခံခွေးများ၊ စက်ယန္တရားများဖြင့် အပျက်အစီးများကြားတွင် ရှာဖွေရေး ဆက်လက်ဆောင်ရွက်နေသည်။
ထို့ပြင် ရေအားလျှပ်စစ် စီမံကိန်း ၁၂ ခုမှ ပျောက်ဆုံးနေသူ ၉၀၀ ခန့်အနက် အလုပ်သမား ၅၀၀ ခန့်သည် ပျက်စီးသွားသော ဥမင်လိုဏ်ခေါင်းများအတွင်း ပိတ်မိနေသည်ဟု ယူဆရသဖြင့် အချိန်လုကယ်ဆယ် လျက်ရှိကြောင်း သိရသည်။
မင်းခေါင်

7
1
1September 2, 2026 529 1