ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၃၂ စင်တီမီတာ ကျော်လွန်၊ မြို့တွင်း… — FACT CHECK — TG.ME

ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၃၂ စင်တီမီတာ ကျော်လွန်၊ မြို့တွင်း လမ်းအချို့ ရေကျော်နေ၍ သတိပြုရန် အသိပေး
=====
ပဲခူးမြစ်ရေသည် ဆက်လက် မြင့်တက်နေပြီး စက်တင်ဘာ ၂ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ ၉၁၂ စင်တီမီတာသို့ ရောက်ရှိလာကြောင်း သိရသည်။
ပဲခူးမြစ်၏ စိုးရိမ်ရေမှတ်မှာ ၈၈၀ စင်တီမီတာ ဖြစ်သဖြင့် လက်ရှိတွင် စိုးရိမ်ရေမှတ်ထက် ၃၂ စင်တီမီတာ ကျော်လွန်လျက် ရှိသည်။
ရေမြင့်တက်လာမှုကြောင့် မြို့တွင်း လမ်းမကြီး အချို့တွင် ရေကျော်မှုများ ဖြစ်ပေါ်နေပြီး မြစ်ကမ်းအနီး၊ မြေနိမ့်ပိုင်းနှင့် ရေဝင်ရောက်နိုင်သည့် ဒေသများတွင် နေထိုင်သူများအနေဖြင့် ရေအခြေအနေကို အထူးဂရုပြု စောင့်ကြည့်ကြရန် တာဝန်ရှိသူများက အသိပေးထားသည်။
ထို့အပြင် လိုအပ်ပါက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် ကြိုတင် ပြင်ဆင်ထားကြရန်လည်း နှိုးဆော်ထားသည်။
 
မင်းခေါင်
👍15
September 2, 2026 415