ကင်ချီလုပ်နည်း
မုန့်ညှင်းဖြူ အလွှာတိုင်းကို ဆားထည့်သိပ် ၁၅ မိနစ်ထား အရည်ထွက်လာရင် ရေပြောင်အောင်ဆေး ရေညှစ်
ကောက်ညှင်းမှုန့် ရေအနည်းငယ် သကြားအနည်းငယ်ထည့် ကျို ခပ်ပြစ်ပြစ်ဖြစ်ရင် အေအးခံ ငံပြာရည် ကိုရီးယားငရုပ်သီးမှုန့် ပုဇွန်ခြောက်မှုန့် ကြိတ်ထားသော ကြက်သွန်ဖြူ/နီဂျင်း ထည့်မွှေ အရသာမြည်းလို့ အဆင်ပြေရင်
အရှည်လိုက်လှီး ထားသော ခါချက်ဥ မုန်လာဥ ကြက်သွန်မြိတ် ထည့် အားလုံးရောနယ်
ဆေးထားသော မုန့်ညှင်းဖြူ ထဲ တစ်လွှာချင်းထည့်ပြီး
ခြောက်သွေ့သော ပလစတစ်ဘူးထဲထည့်အဖုံးလုံအောင်ပိတ်ပြီး အခန်းအပူချိန်မှာ ၃ရက် ၄ရက် စသဖြင့်ထားကာ
ကြိုက်နှစ်သတ်သော အချဉ်အနေအထားရောက်ရင် အသင့်စားသုံးနိုင်တဲ့ အရသာရှိသောကငျခြီလေး သုံးဆောင်နိုင်ပါပြီရှင့် ပိုနေရင်လဲရေခဲသေတ္တာထဲထည့်ပြီး အကြာကြီးစားလို့ရတယ်နော် သဲတို့ရေ
thanks you for your watching 😍😍😍
68
47December 21, 2023 23.5K 44

