မုန့်လုပ်နည်း နှင့် ဟင်းချက်နည်းများ: post #160 — TG.ME

မုန့်လုံးရေပေါ် လုပ်နည်း ကောက်ညှင်းမှုန့် ၂ဘူး ဆန်စိမ်းမှုန့် ၁ဘူး ဆားအနည်းငယ် ထည့်မွှေ ရေအနည်းငယ် စီထည့်ပြီး မုန့်လုံးလို့ရတဲ့အနေအထားမှာရပ်ပြီး (ရေများလို့မရပါဘူးရှင့်)မုန့်လုံး အလည်ကိုလက်နဲ့ထိုးပြီးအပေါက်လေးလုပ်ကာ ထန်းလျက်ထည့် ပြန်လုံးပြီး ရေနွေးပွက်ပွက်ဆူတဲ့ထဲထည့် ရေပေါ်မုန့်လုံးလေးများပေါ်လာရင် ဆည်ပြီး အုံးသီးများဖြူးကာ အသင့်စားသုံးနိုင်တဲ့ မုန့်လုံးရေပေါ် လေး သုံးဆောင်နိုင်ပါပြီ ရှင့် thanks you for your watching 😍😍😍

June 26, 2024 20.3K 32