၂၀၂၆ ခုနှစ် နိုင်ငံတကာကျောင်းစျေးကွက်အခြေအနေများကို သိရှိခွင့်ရမယ့် Free Seminar
==========================
လေးကြိမ်မြောက် “The Yangon International Schools Industry Report 2026-2027 Launch & Panel Seminar" ပွဲကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့၊ ရန်ကုန်မြို့ Sky Star Hotel မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။
• ဘယ်မြို့နယ်မှာ နိုင်ငံတကာကျောင်း အများဆုံးလဲ၊
• ဘယ်ကျောင်းတွေက စျေးကွက်ရှယ်ယာ အများဆုံးယူထားလဲ၊
• ဘယ်သင်ရိုးညွှန်းတမ်းကို အများဆုံး သင်ကြားကြလဲ၊
• ကျောင်းလခကို ဘယ်လို သတ်မှတ်သင့်သလဲ၊
• ဘယ်အတန်းအဆင့်တွေမှာ ကျောင်းသား အများဆုံးလဲဆိုတဲ့ မေးခွန်းတွေအတွက် မှန်ကန်တဲ့ စျေးကွက်အချက်အလက်တွေကို “The Yangon International Schools Industry Report 2026–2027 Launch & Panel Seminar” ပွဲကို တက်ရောက်ရင်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒီပွဲကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီကြီးတွေအတွက် စီးပွားရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပြီး လုပ်ငန်းအတွေ့အကြုံ (၃၄) နှစ်ရှိတဲ့ MMRD Industry Insight နှင့် Myanmar Education Guide တို့မှ ကြီးမှူးကျင်းပသွားမှာဖြစ်ပါတယ်။
ပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံတကာကျောင်းတွေရဲ့ စျေးကွက်တန်ဖိုး၊ စျေးကွက်အရွယ်အစား၊ ကျောင်းဖွင့်လှစ်မှုနဲ့ ကျောင်းသားတက်ရောက်မှုအခြေအနေတို့အပြင် အနာဂတ်အလားအလာ သုံးသပ်ချက်တွေကိုပါ သိရှိနားလည်စေဖို့ ဖြစ်ပါတယ်။
ပွဲမှာ ဘာတွေ တင်ပြဆွေးနွေးမှာလဲ?
===============
- ၂၀၂၆-၂၀၂၇ ခုနှစ် နိုင်ငံတကာကျောင်းစျေးကွက်အခြေအနေ သုံးသပ်ချက်တွေကို တင်ပြခြင်း
- ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် စျေးကွက်အတက်အကျကို နှိုင်းယှဉ်ပြခြင်း
- တက်ရောက်သူတွေရဲ့ ထင်မြင်ချက်တွေ မျှဝေခြင်းနှင့် မေးခွန်းတွေ မေးမြန်းခြင်း
- နိုင်ငံတကာကျောင်းတွေရဲ့ အနာဂတ်အလားအလားအခြေအနေကို Panel Discussion ပြုလုပ်ခြင်း တို့ပါဝင်ပါတယ်။
ဒီပွဲကို ဘယ်သူတွေ မဖြစ်မနေ တက်ရောက်သင့်သလဲ?
==================
- International School အသစ် စတင်တည်ထောင်မယ့်သူများ
- ရှိပြီးသားကျောင်းကို ကျောင်းခွဲတိုးချဲ့ဖွင့်လှစ်မယ့်သူများ
- Private School ကနေ International School အဖြစ် ပြောင်းလဲလိုသူများ
- ကျောင်းရဲ့ Curriculum၊ Fee နှင့် Positioning ကို ပြန်လည်သတ်မှတ်လိုသူများ
- ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသူများ
ဘာကြောင့် တက်ရောက်သင့်လဲ?
=================
- ရန်ကုန်မြို့က နိုင်ငံတကာကျောင်း ဈေးကွက်အခြေအနေတွေကို သိရှိနိုင်ခြင်း
- လုပ်ငန်းတိုးတက်ရေး အစီအစဉ်များ ရေးဆွဲရာမှာ အရေးပါတဲ့ အချက်အလက်တွေနဲ့ သုံသပ်ချက်တွေကို ရရှိနိုင်ခြင်း
- ရန်ကုန်မြို့က နိုင်ငံတကာကျောင်းတွေရဲ့ အနာဂတ်အလားအလာကို သိမြင်နိုင်ခြင်း
- ရန်ကုန်က စျေးကွက်အလားအလာရှိတဲ့ ကျောင်းတွေကို သိရှိနိုင်ခြင်း
- တခြား ကျောင်းက ပညာရှင်တွေနဲ့ တွေ့ဆုံနိုင်ပြီး အတွေ့အကြုံတွေနဲ့ အမြင်တွေ မျှဝေနိုင်ခြင်း
- လုပ်ငန်းအမျိုးအစား ခွဲခြားထားတဲ့ Education Industry Market Tree ကို လက်ဆောင်ရရှိခြင်း
- ရန်ကုန်မြို့ နိုင်ငံတကာကျောင်းစျေးကွက်အစီရင်ခံစာကို လျှော့စျေးနဲ့ ဝယ်ယူရရှိနိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။
ပွဲအစီအစဉ်အသေးစိတ်
============
📅နေ့ရက် - စက်တင်ဘာ ၂၊ ၂၀၂၆ ခုနှစ် ( ဗုဒ္ဓဟူးနေ့ )
🕘အချိန် - မနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ
🏫နေရာ - Sky Star Hotel (အမှတ် ၅၁/ဘီ-၁၊ အရှေ့မျဉ်းပြိုင်ကွင်းလမ်းမ၊ တာမွေမြို့နယ်၊ ရန်ကုန်၊ မြန်မာ။)
စာရင်းပေးရန် > https://forms.gle/XGsJwjxftmga4n596
အသေးစိတ်ဖတ်ရှုရန်
> https://www.edge.com.mm/article/-free-seminar-6a8409a8409ca.html

www.edge.com.mm
၂၀၂၆ ခုနှစ် နိုင်ငံတကာကျောင်းစျေးကွက်အခြေအနေများကို သိရှိခွင့်ရမယ့် Free Seminar | Edge.com.mm : Best Education Guide in Myanmar
“The Yangon International Schools Industry Report 2026-2027 Launch & Panel Seminar ပွဲကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့၊ ရန်ကုန်မြို့ Sky Star...
20
3
1August 19, 2026 6.2K 18