မြန်မာအမျိုးသမီး MSME စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အထူးရည်ရွယ်ပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP Myanmar ရဲ့ eLearning Portal မှာ လေ့လာသင်ယူနိုင်တဲ့ သင်တန်းတစ်ခုကတော့ "အမျိုးသမီးစွန့်ဦးတီထွင်ခြင်းနှင့် လုပ်ပိုင်ခွင့်စွမ်းအားမြှင့်တင်ခြင်း (Women Entrepreneurship and Empowerment)" ပဲဖြစ်ပါတယ်။
....
ဘာကြောင့် "Women Entrepreneurship and Empowerment"သင်တန်းကို ထည့်သွင်းထားပါသလဲ။
စွန့်ဦးတီထွင်ဖန်တီးမှုအားဟာ နိုင်ငံတစ်နိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဆန်းသစ်ဖန်တီးနိုင်မှုတွေကို မြှင့်တင်ပေးတဲ့အတွက်ကြောင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေပါတယ်။ အခြားတစ်ဖက်မှာလည်း အမျိုးသမီးစွန့်ဦးတီထွင်ခြင်းဟာ နိုင်ငံတစ်ခုရဲ့ ကျား-မတန်းတူညီမျှမှု၊ အမျိုးသမီးလုပ်ပိုင်ခွင့်စွမ်းအားမြင့်တက်မှုနဲ့ လူမှုရေးသဟဇာတဖြစ်မှုတို့အတွက် အလွန်အရေးပါနေပါတယ်။ အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဟာ ကျား-မဆိုင်ရာ ခွဲခြားမှုနဲ့ဘက်လိုက်မှုတွေ၊ မိမိနေထိုင်နေတဲ့လူ့အဖွဲ့အစည်းရဲ့ မျှော်လင့်ချက်တွေကြောင့် အမျိုးသားတွေထက်စာရင် စိန်ခေါ်မှုတွေ ပိုပြီးရင်ဆိုင်နေရပါတယ်။ ဒါဟာ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ဖို့လိုအပ်တဲ့ ငွေရေးကြေးရေးဆိုင်ရာ လက်လှမ်းမီရရှိနိုင်မှုနဲ့ ပရော်ဖက်ရှင်နယ်ကွန်ယက်တွေမှာ ပါဝင်နိုင်မှုတွေကို အကန့်အသတ်ဖြစ်စေပြီး စီးပွားရေးလောကမှာ အမျိုးသမီးများရဲ့ပါဝင်မှုကို လျော့နည်းစေပါတယ်။
....
UNDP Myanmar နဲ့ UN Women တို့ပူးပေါင်းတင်ဆက်ထားတဲ့ "အမျိုးသမီးစွန့်ဦးတီထွင်ခြင်းနှင့် လုပ်ပိုင်ခွင့်စွမ်းအားမြှင့်တင်ခြင်း (Women Entrepreneurship & Empowerment)" သင်တန်းကတစ်ဆင့် အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေနဲ့ အဲ့ဒီစိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေနဲ့ ရင်ဆိုင်ကျော်လွှားနည်းတွေကို လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်တဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့ လိုအပ်တဲ့စွမ်းရည်တွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။
....
အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ သင့်ရဲ့စွမ်းရည်မြှင့်တင်နိုင်ဖို့ "Women Entrepreneurship and Empowerment" သင်တန်းကို UNDP Myanmar ရဲ့ eLearning Portal မှာ မြန်မာဘာသာစကားနဲ့ အခုပဲ အခမဲ့ လေ့လာလို့ရနေပြီဖြစ်ပါတယ်။ သင်ခန်းစာအားလုံးပြီးသွားလို့ Final test ကို ဖြေဆိုအောင်မြင်ရင် သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate of Completion) ကိုလည်း ရရှိမှာဖြစ်ပါတယ်။ သင်တန်းတက်ချင်ရင်တော့ အောက်ကလင့်ခ်လေးနှိပ်ပြီး စာရင်းသွင်းလိုက်ပါနော်။
https://msmelearning.mm.undp.org/course/preview/63e08deda7ddd00ae87eaf59
....
"eLearning Portal for MSMEs" မှာ အကောင့်ဖွင့်ပုံ၊ သင်တန်းရွေးချယ်တက်ပုံ၊ ဖိုင်ဒေါင်းလုတ်ဆွဲပုံတွေပါတဲ့ ဗီဒီယိုဖိုင်ကို ဒီလင့်ခ်လေးနှိပ်ပြီး ကြည့်နိုင်ပါတယ်။
https://www.facebook.com/MMeLearningPortal/videos/1561949664633584
မှတ်ချက်။ ။ အကောင့်ဖွင့်တဲ့အခါ code က အီးမေးလ်ရဲ့ Spam folder ထဲ ရောက်နေတတ်တဲ့အတွက် မိမိအီးမေးလ်ရဲ့ Spam folder ကို စစ်ပေးဖို့လိုအပ်ပါတယ်။
မြန်မာဘာသာစကားနဲ့ အခုတက်နိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (22) ခုအကြောင်းကိုတော့ ဒီလင့်ခ်လေးမှာ ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/photo?fbid=727063833656556&set=a.255619310801013
....
UNDP Myanmar ရဲ့ eLearning Portal ဆိုင်ရာ စိတ်ဝင်စားဖွယ်အစီအစဉ်တွေ၊ သင်တန်းတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးကြေညာပေးသွားမှာဖြစ်လို့ Facebook, LinkedIn, Viber နဲ့ Telegram တွေမှာ အောက်ကလင့်ခ်တွေကိုနှိပ်ပြီး like & follow /subscribe လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Facebook: https://www.facebook.com/MMeLearningPortal
Telegram: https://t.me/eLearningPortal4MSMEs
LinkedIn: https://www.linkedin.com/company/e-learning-portal-for-msmes/?viewAsMember=true
Viber: https://invite.viber.com/?g2=AQAsLo9aRL8%2BJFD5gqMAD3haTSHzG018a0TNOP6hUhWG0r%2BIooTwIw94dPaWa15S









