Myanmar Education Guide: post #794 — TG.ME

YIS Industry Report Launch 2026 ပွဲကို ဩဂုတ်လတွင် ကျင်းပမည်
===========================
Myanmar Education Guide ကနေ “The Yangon International Schools Industry Report 2026-2027 Launch & Panel Seminar" ပွဲကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့ ရန်ကုန်မြို့ မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

- ဘယ်မြို့နယ်မှာ နိုင်ငံတကာကျောင်း အများဆုံးလဲ၊
- ဘယ်ကျောင်းတွေက စျေးကွက်ရှယ်ယာ အများဆုံးယူထားလဲ၊
- ဘယ်သင်ရိုးညွှန်းတမ်းကို အများဆုံး သင်ကြားကြလဲ၊
- ကျောင်းလခကို ဘယ်လို သတ်မှတ်သင့်သလဲ၊
- ဘယ်အတန်းအဆင့်တွေမှာ ကျောင်းသား အများဆုံးလဲ ဆိုတဲ့ မေးခွန်းတွေအတွက် မှန်ကန်တဲ့ စျေးကွက်အချက်အလက်တွေကို “The Yangon International Schools Industry Report 2026–2027 Launch & Panel Seminar” ပွဲကို တက်ရောက်ရင်း ရရှိနိုင်မှာပါ။

ပွဲအစီအစဉ် အသေးစိတ်ကို ထပ်မံကြေညာပေးသွားမှာ ဖြစ်ပြီး
- International School များမှ တာဝန်ရှိသူများ
- International School အသစ် တည်ထောင်မယ့်သူများ
- ကျောင်းခွဲတိုးချဲ့ဖွင့်လှစ်မယ့်သူများ
- Private School ကနေ International School အဖြစ် ပြောင်းလဲလိုသူများ
- ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသူများ တက်ရောက်နိုင်ပါတယ်။
❤24
July 31, 2026 8.6K 17