Materialists (2025) ☀️ ဇာတ်ကားပိုစတာထွက်တုန်းက မြင်မိတော့… — Bioscope Main Channel — TG.ME

Materialists (2025) ☀️

ဇာတ်ကားပိုစတာထွက်တုန်းက မြင်မိတော့ သုံးအချို့လို့ ထင်ခဲ့မိပေမဲ့ မမ ဒါကိုတာ တစ်ယောက် အတောင့်အဖြောင့်ဘဲကြီးနှစ်ဗွေကြားမှာ ဗျာများရမဲ့ဇာတ်ကားလေးပါဟောလိဝုဒ်ရဲ့ ခေါင်သုံးယောက်ကို တစ်ကားတည်းမှာ ကြည့်ရတာနဲ့တင် တန်နေပါပြီ။ဇာတ်လမ်းအကျဉ်းလူစီက အောင်သွယ်တော်လုပ်ပေးတဲ့ကုမ္မဏီမှာ အချစ်ပျောက်ငှက်ငယ်တွေကို နဖူးစာရွာလည်စေတဲ့ ဖူးစာရေးနတ်သမီးလေးပေါ့။ လူစီရဲ့ အကျိုးဆောင်မှုကြောင့် အခုဆို လက်ထပ်သွားတဲ့စုံတွဲ ကိုးတွဲတောင်ရှိပါပြီ။ နောက်ဆုံးတစ်တွဲကတော့ သူမကို လက်ထပ်ဖိတ်စာပို့ထားတဲ့အတွက် လူစီတစ်ယောက် သတို့သမီးနဲ့ သတို့သားကို ဂုဏ်ပြုချင်တာကတစ်ကြောင်း အောင်သွယ်ရေး ပရိုမိုးရှင်းဆင်းချင်တာကတစ်ကြောင်းနဲ့ မင်္ဂလာဆောင်ကို သွားရောက်ခဲ့ပါတယ်။ မင်္ဂလာဆောင်ပါတီကိုရောက်တော့ သူမဟာ သတို့သားရဲ့အစ်ကိုဖြစ်သူ ဟယ်ရီဆိတဲ့ Daddy type ရုပ်ရှိငွေလျှံဘဲကြီးနဲ့ ကြုံကြိုက်သွားခဲ့ရင်း စကားပြောဖြစ်ကြပါတယ်။သူတို့နှစ်ယောက်သား ကီးကိုက်သလို ရှိနေပြီး ဟယ်ရီကလည်း သူမကို စိတ်ဝင်စားနေပါတယ်

Channel Link
https://t.me/bcenglishmovie

ဇာတ်ကားLink
https://t.me/bcenglishmovie/109
September 8, 2026 1.1K 1