နာမည်ကျော်ဗင်နီဇွဲလား ရိုးရာပုံပြင်တစ်ပုဒ်‌ဖြစ်တဲ့"El Silbón"… — Bioscope Main Channel — TG.ME

နာမည်ကျော်ဗင်နီဇွဲလား ရိုးရာပုံပြင်တစ်ပုဒ်‌ဖြစ်တဲ့"El Silbón" ကိုအခြေခံရိုက်ကူးထားတဲ့ အသစ်စက်စက်သရဲကားသစ်

T*h*e W*h*i*s*t*l*e*r (2026)

IMDb Rating (5.6)

နစ်ကိုးလ်နဲ့ဆတ်ဘေးရှန်းတို့လင်မယားဟာ တစ်ဦးတည်းသော သမီးငယ်ကိုဆုံးရှုံးရပြီးနောက် သောကတွေမပြေသေးခင်မှာ ဆတ်ဘေးရှန်းရဲ့ဖခင် သေဆုံးမှုကြောင့် သူ့ဇာတိ ဗင်နီဇွဲလားကိုပြန်လာခဲ့ကြရပါတယ်။

သူတို့ပြန်ရောက်ချိန်မှာ ဆတ်ဘေးရှန်းရဲ့ဖခင် သေဆုံးမှုနဲ့အတူ ပဟေဠိဆန်တဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေပြီးခြံမွေးတိရိစ္ဆာန်တွေပျောက်ဆုံးတာ၊

နောက်ထပ်လူသေဆုံးမှုတွေပါထပ်မံပေါ်ပေါက်လာချိန်မှာတော့ သူတို့ဟာကျူးကျော်သူလို့အမည်ပေးထားတဲ့ နတ်ဘုရားမ မာရီယာလီယွန်ဇာကို ကိုးကွယ်သူတစ်စုကိုအပြစ်ပုံချခဲ့ပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာတော့ သူတို့မှန်းဆလို့မရအောင် ကြောက်စရာကောင်းတဲ့ ရှေးဟောင်းနာမ်လောကပုဂ္ဂိုလ်တစ်ပါးဟာ ဒီပညာတွေကိုအလွဲသုံးသူတွေရဲ့မှားယွင်းမှုကြောင့် လွတ်မြောက်လာပြီး မည်းမည်းမြင်ရာသုတ်သင်တော့မယ်ဆိုတာ အသိနောက်ကျသွားတဲ့အခါ..။

နာမည်ကျော်ဗင်နီဇွဲလား ရိုးရာပုံပြင်တစ်ပုဒ်‌ဖြစ်တဲ့"El Silbón" ကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။

ဒေသခံနတ်ဘုရားကိုးကွယ်မှု၊ လက်တင်အမေရိကားရဲ့ နာမည်ကျော် Urban Legend တစ်ခုကိုခေတ်ပေါ်ရုပ်ရှင်နည်းပညာတွေ၊ အထူးပြုလုပ်ချက်တွေနဲ့ပေါင်းစပ်ဖန်တီးထားတဲ့ Folk Horror ကားကောင်းတစ်ကားပါ။
ကြည့်ရန်👉 https://t.me/bcenglishchannel2/2647
September 8, 2026 3.7K 2