Dragon (2026) ဒီရုပ်ရှင်ဟာ ၂၀၂၆ ခုနှစ် ဩဂုတ်လမှာ ထွက်ရှိထားတဲ့… — Bioscope Main Channel — TG.ME

Dragon (2026)

ဒီရုပ်ရှင်ဟာ ၂၀၂၆ ခုနှစ် ဩဂုတ်လမှာ ထွက်ရှိထားတဲ့ တရုတ်အက်ရှင် Fantasy ရုပ်ရှင်ကားကြီး ဖြစ်ပြီး ဒီဇာတ်ကားကို နာမည်ကြီး Hong Ga Ban (Stunt Team) မှ အက်ရှင်ဒီဇိုင်းပိုင်းကို
တာဝန်ယူ ရိုက်ကူးပေးထားတဲ့ ပင်လယ်ရေအောက် ဂူသင်္ချိုင်း စွန့်စားခန်းရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ - မင်မင်းဆက်ခေတ်ကာလမှာ တျန်းဟိုင်ခရိုင်မှာ ကြီးမားတဲ့
သဘာဝဘေးအန္တရာယ် ဆိုးဝါးစွာ ကျရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အုပ်ချုပ်သူတွေက ကယ်ဆယ်ရေးရိက္ခာကို လိမ်လည်အတုအပလုပ်ပြီး ပြည်သူတွေကို ဒုက္ခပေးနေခဲ့ပါတယ်။
ဒီအမှန်တရားကို စုံစမ်းဖို့ ညဘက် ရိက္ခာဂိုဒေါင်ထဲ ခိုးဝင်ခဲ့တဲ့ သိုင်းလောကသား ထျန်းယာဟာ ထောင်ချောက်ထဲ သက်ဆင်းသွားပြီး ပြဿနာများကြားထဲ ရောက်ရှိသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ကြယ်ကိုးလုံး တစ်တန်းတည်းကျတဲ့ ညမှာ သမုဒ္ဒရာထဲမှ ကျွန်းတစ်ကျွန်းနှင့်အတူ ရှေးဟောင်းသူဌေးကြီး ရှန်ဝမ်ကျိုရဲ့ ပင်လယ်ရေအောက်ဂူသင်္ချိုင်းကြီး ပေါ်ထွက်လာခဲ့ပါတယ်။
အဲဒီဂူသင်္ချိုင်းအတွင်းက ရတနာတွေကို ရှာဖွေပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကယ်တင်ဖို့ တျန်းဟိုင်သင်္ဘောဂိုဏ်းရဲ့ အမျိုးသမီးခေါင်းဆောင် ကျန့်ချန်ချန်နဲ့ ထျန်းယာတို့
ပူးပေါင်းခဲ့ကြပါတယ်။ ကျန့်ချန်ချန်ဟာ ပျောက်ဆုံးနေတဲ့ အဖေဖြစ်သူကို ရှာဖွေနေသူလည်း ဖြစ်ပါတယ်။အဲဒီနောက်မှာ သူတို့ဟာ ဂူသင်္ချိုင်းကို ဖွင့်နိုင်မယ့် လျှို့ဝှက်သော့ချက်ဖြစ်တဲ့
"နဂါးနှုတ်ခမ်းမွေး" ကို ရယူဖို့ ရှန်မျိုးနွယ်စုက ရှန်ကျောင်းဝမ်နဲ့ မဟာမိတ်ဖွဲ့ပြီး သင်္ဘောကြီးနဲ့ အန္တရာယ်များလှတဲ့ ပင်လယ်ရေပြင်ဆိုးကို ဖြတ်ကျော်ခဲ့ကြပါတယ်။

သူတို့အဖွဲ့ဟာ မြူထူထူထဲမှ သရဲသင်္ဘောများ၊ ဝေလငါးကြီးများရဲ့ ရန်ပြုမှုများကို အသက်လု ကျော်ဖြတ်ပြီးနောက် ပင်လယ်ရေအောက်ဂူသင်္ချိုင်းကြီးကိုရောက်ရှိသွားတဲ့အခါမှာတော့...

Filesize : 1.77 GB / 970 MB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mp4
Genres : Action, Adventure, and Fantasy
Runtime : 1h 23 min
Subtitle : Myanmar Subtitle ( Hardsub )

ကြည့်ရန်👉 https://t.me/ygnmyo/12914
August 26, 2026 2.7K 1