You and Everything Else (2025)
**********************
အားလုံး စောင့်မျှော်နေကြတဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးနှစ်ဦးဖြစ်တဲ့ Kim Go Eun နဲ့ Park Ji Hyun တို့
အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Life, Drama အမျိုးအစား ဇာတ်ကားလေးကတော့ ထွက်ရှိလို့လာပါပြီ။
ဇာတ်လမ်းအညွှန်း
------------------
Ryu Eun Jung (Kim Go Eun) ဟာ ပွင့်လင်းပြီး ဖော်ရွေတဲ့ အကျင့်စရိုက်ကြောင့် လူတွေကို အလွယ်တကူ
ဆွဲဆောင်နိုင်သူတစ်ဦးပါ။ သူမနဲ့ မူလတန်းမှာတည်းက ဆုံတွေ့ခဲ့ပြီး သူမရဲ့ အခင်ဆုံးသူငယ်ချင်းလည်းဖြစ်
ဘဝတစ်လျှောက်လုံး ပြိုင်ဘက်လည်းဖြစ်တဲ့ Cheon Sang Yeon (Park Ji Hyun) ကတော့ ချမ်းသာတဲ့
မိသားစုကနေလာပြီး တစ်မူ ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်တွေကြောင့်ပဲ Eun Jung ဟာ Sang Yeon ကို
အမြဲတမ်း မနာလိုအားကျနေခဲ့ရတာပေါ့။
တစ်ခါတစ်ရံ တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးတဲ့အချိန်တွေရှိပေမဲ့လည်း အခင်ဆုံးသူငယ်ချင်းအဖြစ်
ဆက်ရှိနေကြဆဲဖြစ်တဲ့ သူတို့ ၂ ဦးက မတူညီတဲ့ ဘဝအခြေအနေကြောင့် နှစ်တွေအများကြီး
ဝေးကွာပြီး အဆက်အသွယ် ပြတ်နေခဲ့ရာမှ ဆယ်ကျော်သက်အရွယ်မှာ အဆက်အသွယ်ပြန်လုပ်ဖြစ်ပြီး
အခု အသက် ၄၀ အရွယ်မှာတော့ Eun Jung က ရုပ်ရှင်စာရေးဆရာမတစ်ဦးဖြစ်လာပြီး Sang Yeon ကတော့
အောင်မြင်တဲ့ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦး ဖြစ်နေပါပြီ။
အဲဒီလိုနဲ့ပဲ တစ်နေ့မှာတော့ Sang Yeon က ရုတ်တရက်ရောက်လာပြီး သူ့ဘဝရဲ့ နောက်ဆုံးနေ့ရက်တွေမှာ
အဖော်ပြုပေးဖို့အတွက် Eun Jung ကို တောင်းဆိုတဲ့အခါမှာတော့ ....
ဆယ်ကျော်သက်အရွယ်ကနေ အသက် ၄၀ အရွယ်ရောက်တဲ့အထိ တစ်ယောက်အပေါ်တစ်ယောက် အချစ်၊
အမုန်း၊ မနာလိုမှု၊ ပြိုင်ဆိုင်မှုတွေနဲ့ ခင်မင်ရင်းနှီးခဲ့ကြတဲ့ ဒီသူငယ်ချင်း ၂ ဦးက ဘဝရဲ့ နောက်ဆုံးအချိန်အထိ
ဘယ်လိုအားပေးပြီး အဖော်ပြုပေးသွားမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ရအောင်နော်။
Aired: Sep 12, 2025
Aired On: Friday
Genres: Romance, Life, Drama, Melodrama
Episodes: 15
Original Network: Netflix
ကြညိ့ရန်👉 https://t.me/bckoreachannel/11939

