New Recrut Season 4: Sabotage (2026) ******************************… — Bioscope Main Channel — TG.ME

New Recrut Season 4: Sabotage (2026)
******************************

စစ်တပ်ထဲက အခက်အခဲတွေ၊ တပ်ကြပ်ကြီးတွေရဲ့ ကြိမ်းမောင်းသံနဲ့ တပ်သားတွေရဲ့ အလွဲတွေကို ဟာသမြောက်စွာ ရိုက်ပြထားတဲ့ Military , Comedy အမျိုးအစား ဇာတ်လမ်းတွဲဖြစ်တဲ့ New Recrut ဟာ ..

အခုဆို ပိုမိုဆန်းသစ်တဲ့ အလွဲအချော်တွေနဲ့ ရယ်နေရမယ့် "Sabotage" ဆိုတဲ့ ခေါင်းစဥ်နဲ့ Season 4 အဖြစ် ပြန်လာခဲ့ပါပြီ။

သရုပ်ဆောင်တွေအနေနဲ့ ရှေ့ season ကအတိုင်း မင်းသား Kim Min Ho, မင်းသား Kim Dong Jun, မင်းသား Oh Dae Hwan, မင်းသား Lee Hyun Kyun, မင်းသား Lee Won Jung, မင်းသား Nam Tae Woo, မင်းသား Lee Sang Jin, မင်းသမီး Lee Su Ji တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ။

ဇာတ်လမ်းအညွှန်း
******

ဘတ်မင်ဆော့ (Kim Min Ho) ဟာ တပ်သားသစ်အဖြစ် တပ်ဌာနတစ်ခုကို ရောက်ရှိချိန်မှာ ကျန်အဖွဲ့သားတွေရဲ့ လှောင်ပြောင်နှောင့်ယှက်မှုကို ခံစားခဲ့ရပါတယ် ။

ဒါပေမဲ့လည်း သိပ်မကြာခင် အဲဒီတပ်ရဲ့ တပ်ခွဲမှူးက ဘတ်မင်ဆော့ရဲ့ အဖေဖြစ်ကြောင်းကို အံ့အားသင့်ဖွယ် သိရှိလိုက်ရတဲ့အချိန်မှာတော့ ဘတ်မင်ဆော့ရဲ့ တပ်တွင်းနေ့ရက်များလည်း အဆင်ပြေသာယာလာခဲ့ပါတော့တယ်။

ဒီ season 4 မှာတော့ ဘတ်မင်ဆော့တစ်ယောက် တပ်ကြပ်ဖြစ်လာခဲ့ပြီး အေးဆေးနေရမယ်လို့ တွေးထားတဲ့အခါကျမှ လိုက်နှောင့်ယှက်မယ့် အဖျက်သမားတွေ တပ်ထဲ ရောက်လာတဲ့အခါမှာတော့ ..

ရင်ဆိုင်ကြုံတွေ့ရတဲ့ စိုးရိမ်ဖွယ်ရာကိစ္စအဝဝကို ဟာသနှောကာ ရိုက်ပြထားတာမို့လို့ ဝါးလုံးကွဲရယ်မောရင်း ကြည့်ရှုပေးကြပါဦးနော်။


ကြည့်ရန် Ep 1 to 4👉 https://t.me/koreaoning/6670
August 26, 2026 162