ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကူးစက်တတ်ပါတယ်။ အသက်အန္တရာယ်ရှိပါတယ်။
မြန်မာနိုင်ငံအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ကြုံတွေ့နေရချိန်မှာ လူမျိုး၊ ဘာသာ၊ လူနေမှုအဆင့်အတန်းခွဲခြားဆက်ဆံခြင်းမရှိဘဲ အသက်ကယ်ဆေးဝါးကုသမှုနဲ့ သန့်ရှင်းတဲ့သောက်သုံးရေကို အပြည့်အဝ ရရှိဖို့ လူသားတိုင်းမှာ အခွင့်ရေးရှိပါတယ်။
အကျပ်အတည်းကာလများမှာ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးဟာ သနားကြင်နာမှုသက်သက်မဟုတ်ဘဲ လိုက်နာရမယ့် လူ့အခွင့်အရေးတစ်ရပ်ပဲ ဖြစ်ပါတယ်။
မြို့နယ်၊ ကျေးရွာ၊ ဒေသအလိုက် ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်မယ့် နေရာတွေကို comment မှာ မျှဝေပေးသွားဖို့လည်း တိုက်တွန်းချင်ပါတယ်။
6August 15, 2026 442 3





