မှတ်ပုံတင်ထဲမှာ မှီခိုလို့ရေးထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ တကယ်ပဲမှီခိုသူတစ်ဦးလား။
မှီခိုသူပြင်ပေးတဲ့ ထမင်းဝိုင်းတွေကိုစားသောက်ခဲ့ပြီး ရရှိခဲ့တဲ့ ခွန်အားတွေနဲ့ အလုပ်သမားတွေဟာ လုပ်ငန်းခွင်ဝင်ကြပါတယ်။
မှီခိုသူ လျှော်ဖွပ်ပေးလိုက်တဲ့ ကျောင်းစိမ်းအင်္ကျီဖြူဖြူလွင်လွင်နဲ့ ကျောင်းသားတွေဟာလည်း စာသင်ကျောင်းကိုသွားကြတာပါ။
နေမကောင်းဖြစ်တဲ့လူကို မှီခိုသူတိုက်တဲ့ ဆေးဝါးတွေ၊ အိပ်မပျော်သူ ကလေးငယ်ကို မှီခိုသူ ဆိုပြတဲ့ အိပ်ရာဝင်တေး၊ ပြင်ပလောကကြီးထဲ သွားလာကြတဲ့ လုပ်သား၊ ကျောင်းသားတွေ အန္တရာယ်ကင်းဖို့ မှီခိုသူရဲ့ ဆုတောင်းသံတွေဟာ ကမ္ဘာကြီးကို မောင်းနှင်နေတဲ့ ယန္တရားတွေပဲ မဟုတ်ဘူးလား။
ဒါဆို မှီခိုဆိုတာဘာလဲ? ဘယ်သူ့ကို မှီခိုနေတာလဲ? ဘာအတွက်မှီခိုနေတာလဲ? မှီခိုသူကို မှီခိုနေတဲ့လူတွေရော ရှိသလား?
ဒီနေ့ ကျရောက်တဲ့ အမျိုးသမီးများ တန်းတူညီမျှအခွင့်ရေးရရှိရေးနေ့မှာ “မှီခို” များအားလုံးကိူ လှိုက်လဲစွာဂုဏ်ပြုလိုက်ရပါတယ်။

10August 26, 2026 303 1