ဒါလေးက ကျွန်တော့်ချန်နယ်ကြော်ငြာကို စမ်းလုပ်ကြည့်ထားတာပါ။
ADS ကို Update မှာပါလာတဲ့အထဲက Target Language နဲ့ Target Topic နှစ်ခုရွေးပြီးလုပ်ရင် view အတက်ကောင်းတယ်။ ဒါပေမယ့် ဘယ်ချန်နယ်တွေထဲ တက်နေလည်းဆိုတာ ကိုယ်ကအတိအကျမသိရဘူး။
ခက်တာက ကိုယ့်ကာစတန်မာတွေက ကိုယ့်ကြော်ငြာကိုယ် သိပ်ကြည့်ချင်ကြတာဆိုတော့ Target channel ထားပေးနေရတယ်။ အဲလိုဆိုတော့ အသင့်အတင့်တော့တက်ပေမယ့် ဟိုကောင်လောက် view မရဘူး။
အမှန်အကန် View ရချင်တယ်ဆိုရင်တော့ အဲ့လိုလုပ်ပေးလို့ရပါတယ်။
ပြီးတော့ ads ကနေ လူဘယ်လောက်ဝင်လာလည်း အတိအကျသိချင်ရင် -
channel setting ထဲက invite link ဆိုတဲ့အထဲမှာ လင့်အသစ်တစ်ခုထုတ်ပြီးပေးပါ။ အဲ့ဒါဆို ဒီလင့်ကနေ လူဘယ်လောက်ဝင်လာလည်းဆိုတာ တွေ့နေရမှာပါ။













