မီးမလာလို့
အစိုးရကို ဆဲတော့မယ်ဆိုရင်...
#အာဏာရှင်ဖြုတ်ချဖို့
လျှပ်စစ်တာဝါတိုင်တွေ ဖြို့ကြဆို့ဆိုတဲ့
မင့်တို့အော်ခဲ့တာကို ပြန်ပြီးအမှတ်ရကြပါ...။
Phလိုင်းမကောင်းလို့
အော်ပရေတာကို ဆဲတော့မယ်ဆိုရင်...
#စကစကိုတော်လှန်ဖို့
တာဝါတိုင်တွေဖြို့ပြီး လက်နက်လုပ်ကြဆို့ဆိုတဲ့
မင့်တို့ လော်ခဲ့တာတွေကို ပြန်ပြီးအမှတ်ရကြပါ...။
လမ်းတွေမကောင်းလို့
အစိုးရကို ဆဲတော့မယ်ဆိုရင်...
#စစ်ကားတွေ သွားလို့မရအောင်ဆိုပြီး
လမ်းတွေပေါ် မိုင်းထောင်ခဲ့တာကို ပြန်ပြီးအမှတ်ရကြပါ...။
လမ်းတွေပိတ်လို့
စစ်ဆေးရေးဂိတ်တွေကို ဆဲတော့မယ်ဆိုရင်...
#၅ပေ ၁ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေတဲ့
မင့်တို့အဖွဲ့တွေရဲ့ ဂိတ်တွေကို ပြန်ပြီးမြင်ကြပါ...။
စာသင်ကျောင်းတွေ
ဗုံးကြဲခံရလို့ အစိုးရကို ဆဲတော့မယ်ဆိုရင်...
#ဆရာ ဆရာမတွေကို CDMလုပ်ခိုင်းပြီး
ကျောင်းတွေမှာ စခန်းချခါ ဖောက်ခွဲရေးပစ္စည်းများ
ပြုလုပ်ခဲ့တာတွေကို သတိရပါ...။
ကလေးတွေ
ကျောင်းမနေရလို့ အစိုးရကို ဆဲတော့မယ်ဆိုရင်...
#ဆရာ ဆရာမတွေကို CDMမလုပ်လို့ဆိုပြီး
ဒလန်ခေါင်းစဥ်ကပ်၍ Tတ်ခဲ့ကြတာကို ပြန်မြင်ကြပါ...။
ခေါင်းဆောင်လုပ်သူက
သူအာဏာမရတော့ တစ်နိုင်ငံလုံး မွဲပြာကျအောင်
တစ်ကမ္ဘာလုံးထံ မြန်မာကို ဆန်ရှင်လုပ်ဖို့ တောင်းဆိုခဲ့မှတော့...
နောက်လိုက်တွေကလည်း
ပြည်သူပိုင်း ပစ္စည်းတွေကို ဖျက်ဆီးကြတာ မဆန်းပါဘူး။
ဒီနေရာမှာဆန်းနေတာက...
ဆန်ရှင်လုပ်ခိုင်းခဲ့တဲ့သူက
တိုင်းပြည်ဆင်းရဲနေတာ ခေတ်အဆက်ဆက်က
တပ်မတော်ခေါင်းဆောင်တွေကြောင့်တဲ့...🙄
( သူကိုယ်တိုင် ပိတ်ဆို့ခိုင်းလို့ တိုင်းပြည် ပိုမွဲခဲ့တာပါဗျာ )
ပြည်သူပိုင် ပစ္စည်းတွေကို
ဖျက်ဆီးနေကြတဲ့ သူတွေကလည်း
သူတို့ ဒီလိုဖျက်ဆီးနေရတာ စစ်တပ်ကြောင့်တဲ့...🙄
(စစ်တပ်က မင့်တို့ဖျက်ကြကွာလို့တော့ မခိုင်းပါဘူးဗျာ )
သူများမျက်ချေးကိုဘဲ မြင်ပြီး
ကိုယ့်မျက်ချေးကို မမြင်တတ်ခဲ့တော့
ဘဝရဲ့ ဇာတ်သိမ်းခန်းတွေ မလှပကြတာပေါ့ဗျာ...👌
" ရချင်တာက ဒီမိုကရေစီ၊လုပ်နေတာက တာလီဘန်လုပ်ရပ် "
Credit to ဖိုးမှန်












