ဇာတ်လမ်းကတော့ တစ်ချိန်က မြေအောက်ကမ္ဘာမှာ ပြိုင်ဘက်ကင်းပြီး နာမည်အကြီးဆုံး ကြေးစားလူသတ်သမားဖြစ်ခဲ့တဲ့ တာရို ဆာကာမိုတို ကနေ စတင်ပါတယ်။ သူဟာ ချစ်ရတဲ့ အမျိုးသမီး အာအိုအီ နဲ့ တွေ့ဆုံပြီးနောက်မှာတော့ လူသတ်သမားဘဝကနေ အပြီးတိုင် အနားယူခဲ့ပါတယ်။ အိမ်ထောင်ကျပြီး ကလေးရလာတဲ့အခါမှာတော့ တစ်ချိန်က အမိုက်စားလူသတ်သမားကြီးဟာ ဝဝဖိုင့်ဖိုင့်နဲ့ ရပ်ကွက်ထဲက သာမန်ကုန်စုံဆိုင်ပိုင်ရှင် ဦးလေးကြီးတစ်ယောက် ဖြစ်နေပါပြီ။ ဒါပေမယ့် သူ့ရဲ့ အေးချမ်းတဲ့ မိသားစုဘဝလေးဟာ အချိန်အကြာကြီး မခံခဲ့ပါဘူး။ အတိတ်က ရန်သူတွေနဲ့ မြေအောက်ကမ္ဘာက လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဟာ ဆာကာမိုတို ကို လိုက်လံလုပ်ကြံဖို့ ရောက်လာကြပါတယ်။ မိသားစုကို ကာကွယ်ဖို့အတွက် ဆာကာမိုတို တစ်ယောက် စိတ်ဖတ်နိုင်စွမ်းရှိတဲ့ ကြေးစားလူသတ်သမားလေး ရှင်း အပါအဝင် တခြားမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဇနီးသည်ကို ကတိပေးထားတဲ့ “လူမသတ်ရဘူး” ဆိုတဲ့ စည်းကမ်းချက်နဲ့အညီ ရန်သူတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို အက်ရှင်ဟာသပုံစံမျိုးနဲ့ ကြည့်ရှုရမှာပါ။
ချန်နယ်လင့်
ဇာတ်ကားလင့်

