ဝိဉာဉ်များကို မြင်နိုင်သူ (၂၀၁၈) ငယ်ငယ်ကတည်းက… — Hana: Anime & Cartoons — TG.ME

ဝိဉာဉ်များကို မြင်နိုင်သူ (၂၀၁၈)

ငယ်ငယ်ကတည်းက မိဘတွေကွယ်လွန်သွားတဲ့အတွက် အမျိုးတွေရဲ့ အိမ်မှာလိုက်နေနေရတဲ့ နာဆုမဲ တာကာရှိ က အဘွားဖြစ်သူ နာဆုမဲ ရဲခို ရဲ့ ဝိညာဉ်မြင်နိုင်စွမ်းကို အမွေရရှိခဲ့ပါတယ်။ အဲဒီအစွမ်းအပြင် အဘွားဖြစ်သူရဲ့ ပစ္စည်းတွေကိုပါ အမွေရခဲ့ပြီး အဲဒီအမွေပစ္စည်းတွေထဲမှာ စာအုပ်လေးတစ်အုပ် ပါလာပါတယ်။ အဲဒီစာအုပ်ကတော့ အဘွားဖြစ်သူ နာဆုမဲ ရဲခို တစ်ယောက် ငယ်စဉ်က မကောင်းဆိုးဝါးတွေကို အနိုင်ယူပြီး နာမည်တွေစုဆောင်းထားခဲ့တဲ့ စာအုပ်လေးပါ။ မကောင်းဆိုးဝါးတွေရဲ့ နာမည်တွေဖြစ်တဲ့အလျောက် နာမည်ကို ခေါ်လိုက်ရင် အခေါ်ခံရတဲ့ မကောင်းဆိုးဝါးက အမိန့်ကို နာခံရတဲ့ အစွမ်းပါရှိပါတယ်။ အဲဒီလို အစွမ်းကြီးတဲ့ စာအုပ်ကို အပိုင်စီးချင်တဲ့ မကောင်းဆိုးဝါးတွေရဲ့ ရန်ကနေ ထွက်ပြေးရင်း နာဆုမဲ တာကာရှိ တစ်ယောက်က နာမည်ပိုင်ရှင်မကောင်းဆိုးဝါးတွေကို နာမည်လိုက် ပြန်ပေးနေပါတယ်။ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားလေးထဲမှာတော့ နာဆုမဲ တာကာရှိ တစ်ယောက် အဘွားကို သိတဲ့ လူတစ်ယောက်နဲ့ တွေ့ပြီး ဘယ်လိုမျိုး မကောင်းဆိုးဝါးတွေနဲ့ တွေ့ရမယ်၊ အဘွားဖြစ်သူရဲ့ ဘယ်လို ဇာတ်ကြောင်းတွေကို သိရှိရမယ် ဆိုတာကို ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။

t.me/cartoonmoviesmms/3912
October 7, 2026 106 2