ဘယ်လီ - နဂါးကြီး နှင့် မင်းသမီးလေး (၂၀၂၁) စုဇု ဆိုတာ အသက် ၁၇… — Hana: Anime & Cartoons — TG.ME

ဘယ်လီ - နဂါးကြီး နှင့် မင်းသမီးလေး (၂၀၂၁)

စုဇု ဆိုတာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက အမေဖြစ်သူဆုံးပါးခဲ့တာကြောင့် ဝမ်းနည်းကြေကွဲစွာနဲ့ ရှင်သန်နေရတဲ့ ကောင်မလေးပေါ့။ ကျောင်းမှာလည်း လူတော်သိပ်မတိုး အရှက်အကြောက်ကလည်းကြီးသေးပါပေမယ့် တနေ့မှာ သူ့ရဲ့ သူငယ်ချင်းမတစ်ယောက်က U ဆိုတဲ့ App တစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ U ဆိုတာ သာမန်ဆိုရှယ်မီဒီယာ App မဟုတ်ပဲ လူကိုယ်တိုင် အဲ့ဒီကမ္ဘာထဲကို ရောက်ရှိသွားသလိုခံစားစေရမယ့် အဆင့်မြင့် App တစ်ခုဖြစ်နေပါတယ်။ ဒီ App ကို စုဇု တစ်ယောက် အသုံးပြုကြည့်လိုက်တဲ့အခါမှာတော့ အခု ပရိတ်သတ်ကြီး ရင်ခုန်ခံစားရမယ့် ဟောဒီ ဘယ်လီ ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ် စတင်မွေးဖွားလာပါပြီ။ ဇာတ်လမ်းအရရော အန်နီမေးရှင်း၊ နောက်ခံတီးလုံး၊ ဇာတ်ဝင်တေးတွေရဲ့ ကောင်းမွန်မှုတွေကြောင့် ကြည့်ရှူသူတွေကို ကောင်းကောင်းကြီး ဆွဲခေါ်သွားနိုင်ပြီး ယနေ့ခေတ်ဆိုရှယ်မီဒီယာတွေရဲ့ အကျိုးအပြစ်တွေ၊ သဘောသဘာဝတွေကိုလည်း ထည့်ပြထားတာမို့ ပရိသတ်ကြီး သဘောတွေ့စေမှာပါ။ ကဲ စုဇု လေးတစ်ယောက် ဘာတွေဖြစ်လာမလဲဆိုတာကိုကြည့်ရှုခံစားလိုက်ကြပါဦး။

t.me/cartoonmoviesmms/3882
❤1
September 4, 2026 68 1