2017 လောက်တုန်းက အားလုံးကို အမွှေစိန်လုပ်သွားတဲ့ ဘော့စ်ဘေဘီ ကို မှတ်မိကြဦးမယ်ထင်ပါတယ်၊ သူအခု အရွယ်ရောက်သွားပြီ၊ အရွယ်ရောက်တဲ့အပြင် တူမ ၂ ယောက်လည်း ရပြီး အလုပ်ကြိုးစားတဲ့ အချစ်တော်အန်ကယ်အဖြစ်နေပါပြီ။ သို့ပေမယ့် ဒီဇာတ်လမ်းမှာ သူငယ်ဘ၀ ပြန်ရောက်ရမည့် ဖြစ်စဉ်ကတော့ ဒီလိုဖြစ်ပါတယ်။ ဘော့စ်ဘေဘီ ကလေးဘ၀က လာခဲ့တဲ့ Ba-byCorp ဆိုတဲ့ အဖွဲ့အစည်းမှာ ပြဿနာတစ်ခု ပေါ်ပေါက်လာပါတယ်။ ပြဿနာကတော့ ဒေါက်တာ တစ်ယောက်က ကလေးတွေရဲ့ ခေါင်းထဲကို အတွေးမှားတွေ ထည့်ပေးနေပြီး ကလေးတွေက မိဘတွေအပေါ် သွေးအေးလာတာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ ဘော့စ်ဘေဘီ နဲ့ သူ့ညီအစ်ကို ၂ ယောက် အရွယ်ငယ်ဆေးဖော်မြူလာကို သောက်ပြီး ကလေးဘ၀ကို ပြန်ရောက်သွားတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မယ်၊ ဘယ်ပြဿနာတွေထပ်ပေါ်လာမယ်၊ နောင်ချိန်ပြန်ပြီး ဒီတစ်ခါ ညီအစ်ကို ၂ ယောက် ဘယ်လိုတွေဆောင်ကြမယ်ဆိုတာကိုပရိသတ်တွေကိုယ်တိုင် ကြည့်ရှုခံစားရမှာပါ။
ချန်နယ်လင့်
ဇာတ်ကားလင့်
