စမောဖု (၂၀၁၈)
ဟိမဝန္နာထဲက တောင်ထိပ်တစ်ခုအပေါ်မှာ နှင်းလူတွေ နေထိုင်ကြတဲ့ ရွာလေးတစ်ရွာရှိပြီး အဲ့ဒီရွာမှာ နှင်းလူတိုင်းက သူ့တာဝန်နဲ့ သူ ထမ်းဆောင်ကြရင်း ရွာအကျိုးသယ်ပိုးကြတာပေါ့။ သူတို့ရဲ့ရွာက ကျွန်းတစ်ကျွန်းပေါ်မှာဖြစ်ပြီး တိမ်ပင်လယ်ကြားမှာ လွင့်မျောနေတာ၊ အောက်ကို ပြုတ်မကျအောင် ဆင်တွေက ထိန်းထားပေးတာ ဆိုတာမျိုးပါနေပါတယ်။ နောက်ပြီး ဒီကားရဲ့ ဇာတ်လိုက်ဖြစ်တဲ့ မီဂို ဆိုတဲ့ နှင်းလူရဲ့ အဖေက ရွာရဲ့ မောင်းတီးသမားဖြစ်ပြီး တစ်နေ့တော့ အဖေဖြစ်သူရဲ့ အလုပ်ကို ဆက်ခံဖို့အတွက် မီဂို တစ်ယောက် မောင်းတီးလေ့ကျင့်ရမယ့်ရက်ကို ရောက်လာပါတော့တယ်။ ဒါပေမယ့် ဖြစ်ချင်တော့ မီဂို မောင်းတီးတာ လွဲသွားပြီး တောင်အောက်ကို ကျသွားတဲ့အချိန်မှာ လေယာဉ်ပျံတစ်စီး သူ့နားမှာ ပျက်ကျပြီး တိုက်ဆိုင်သွားကြုံရပါတယ်။ လေယာဉ်ထဲက လေယာဉ်မှူးကို သူတွေ့လိုက်တဲ့အခါမှာတော့ လုံးဝ အလန့်တကြား ဖြစ်သွားရပြီး အကြောင်းက လူဆိုတာ သူတို့ရွာထဲမှာ စမောဖု လို့ ခေါ်တဲ့ ဒဏ္ဏာရီဆန်ဆန်သတ္တဝါမျိုး ဖြစ်နေလို့ပါပဲ။
t.me/cartoonmoviesmms/3864

September 2, 2026 60 1