အယ်လာ ဘယ်လာ ဘင်ဂို (၂၀၂၀)
ဇာတ်ကားလေးက ကလေးဘဝတုန်းက သူငယ်ချင်းတွေကို အရမ်းခင်ခဲ့ပေမဲ့ တစ်ယောက်ယောက်က အသစ်ဝင်လာတဲ့ သူငယ်ချင်းကြောင့် ကိုယ့်သူငယ်ချင်းကို ပိုခင်သွားမယ်ဆိုတဲ့ စိုးရိမ်မှုလေးတွေကို ပြန်လည်သတိရစေတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီကားလေးထဲမှာ အယ်လာ နဲ့ ဟန်ရီ တို့ဟာ အရမ်းခင်တဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။ တစ်နေ့မှာတော့ တခြားမြို့က ပြောင်းလာတဲ့ သူဌေးသားလူပေါ်ကြော့ ဂျွန်နီ တစ်ယောက် ရောက်လာပါတော့တယ်။ ဂျွန်နီ ဟာ ပိုက်ဆံချမ်းသာပေမဲ့ မိဘတွေက အလုပ်ကြောင့် နေရာခဏခဏ ပြောင်းရတာမို့ သူငယ်ချင်းအတည်တကျ မရှိပါဘူး။ ဟန်ရီ ကို တွေ့ပြီး သဘောကျသွားတဲ့ ဂျွန်နီ ဟာ သူနဲ့ သူငယ်ချင်းဖြစ်ဖို့ မျိုးစုံ ကြိုးပမ်းပါတော့တယ်။ တစ်ဖက်မှာလည်း သူ့သူငယ်ချင်းကို သူများဆီ အပါမခံနိုင်တဲ့ အယ်လာ နဲ့ ဟန်ရီ ကို သူ့သူငယ်ချင်းဖြစ်စေချင်တဲ့ ဂျွန်နီ တို့အကြား ရန်ဖြစ်စကားများပြီး ပြဿနာတွေအမျိုးမျိုး ဖြစ်ပွားလာပါတယ်။ ဒီဇာတ်ကားလေးက တကယ့်ကို ချစ်စဖွယ်ပါ။ သူငယ်ချင်းအကြား ချစ်ခြင်းမေတ္တာကို ပြသထားသလို ပြဿနာတွေကြုံလာတဲ့အခါ ဘယ်လို ဖြေရှင်းရမယ်ဆိုတာကိုလည်း ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေနဲ့ ပေါင်းစပ်ထားတာကြောင့် အဆုံးထိ ကြည့်ချင်သွားစေတဲ့ ချစ်စဖွယ် ဇာတ်ကားလေးဖြစ်ပါတယ်။
t.me/cartoonmoviesmms/3855

1August 30, 2026 1.2K 3