မယ်ရီ နှင့် စုန်းပန်းပွင့်လေး (၂၀၁၇) မယ်ရီ ဆိုတဲ့ ကလေးမလေးဟာ မွေးရာပါ… — Hana: Anime & Cartoons — TG.ME

မယ်ရီ နှင့် စုန်းပန်းပွင့်လေး (၂၀၁၇)

မယ်ရီ ဆိုတဲ့ ကလေးမလေးဟာ မွေးရာပါ ဆံပင်နီကြောင်ကြောင်လေးပါ။ အရမ်း သွတ်သွတ်လက်လက် နေတတ်သလို လုပ်သမျှတိုင်းကလဲ အလွဲတွေကြီးပါပဲ။ သူဟာ လူကြီး မိဘတွေကို အရမ်းကူညီချင်ပေမဲ့ သူလုပ်လိုက်တိုင်း အလွဲကြီးတွေဖြစ်နေလို့ မခိုင်းရဲကြဘူး။ ဒီလိုနဲ့ မယ်ရီ လေးဟာ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေတတ်တဲ့ ကလေးမလေးတစ်ယောက် ဖြစ်နေတာပေါ့။ တစ်ရက်မှာတော့ တောစပ်အနီးမှာ မုန့်စားနေတုန်း ကြောင်လေးတစ်ကောင် မုန့်လာတောင်းစားလို့ ကျွေးလိုက်မိရာကနေ အဲ့ဒီ ကြောင်လေးကို တောအုပ်ထဲအထိ လိုက်သွားပါတော့တယ်။ မယ်ရီ တစ်ဖြေးဖြေး လိုက်သွားတဲ့အခါ ကြောင်လေးဟာ နှစ်ကောင် ဖြစ်သွားပြီး ထူးဆန်းတဲ့ ပန်းတွေအများကြီးရှိရာနေရာကို လမ်းပြပေးခဲ့ပါတယ်။ အရမ်းလှလွန်းတဲ့ ပန်းလေးမို့ မနေနိုင်ပဲ ခူးမိပြီး အိမ်သို့ သယ်ယူလာတဲ့နောက် မယ်ရီ ရဲ့ ဘဝမှာ ထူးထူးဆန်းဆန်း ဖြစ်စဉ်တွေ ပေါ်ပေါက်လာပါတော့တယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့်
➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့်
➡️ t.me/c/2567751525/1596
❤1
September 1, 2026 15