Bitcoin ဈေးကွက်ထဲမှာ Institutions ကြီးတွေ နောက်ကွယ်ကနေ…

Bitcoin ဈေးကွက်ထဲမှာ Institutions ကြီးတွေ နောက်ကွယ်ကနေ ဘာတွေပြင်ဆင်နေလဲဆိုတာကို သိချင်ရင် ဒီ Signal လေးကို သတိထားကြည့်သင့်ပါတယ်။

CryptoQuant ရဲ့ CEO ဖြစ်သူ Ki Young Ju ရဲ့ အဆိုအရတော့ အခုလက်ရှိ Bitcoin ရဲ့ Hashrate တွေ ပြန်တက်လာတာဟာ Institutions တွေဆီကနေလာတဲ့ Indirect Bullish Signal တစ်ခုဖြစ်ပါတယ်တဲ့။

Hashrate ဆိုတာကို ရိုးရိုးရှင်းရှင်းပြောရရင် Bitcoin Network ရဲ့ စွမ်းဆောင်ရည်နဲ့ လုံခြုံရေးကို တိုင်းတာတဲ့ စနစ်ပါ။ Hashrate မြင့်လေလေ Bitcoin Network က ပိုပြီး ခိုင်မာလုံခြုံလေလေပါပဲ။

အခုအချိန်မှာ Wall Street နဲ့ TradFi Player ကြီးတွေ ကျောထောက်နောက်ခံပေးထားတဲ့ Public Miners တွေဟာ Mining လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ပြန်စတင်နေကြပါပြီ။

ဒါဟာ Bitcoin ရဲ့ Fundamentals အတွက်တော့ အင်မတန် ကောင်းမွန်တဲ့ လက္ခဏာတစ်ခုပါ။

Institutions တွေဟာ အနာဂတ်မှာ Bitcoin ရဲ့ တန်ဖိုး တက်လာမယ်လို့ မမျှော်လင့်ထားရင် Mining တူးဖို့ စက်ပစ္စည်းတွေနဲ့ လျှပ်စစ်ဓာတ်အားတွေအတွက် ပိုက်ဆံအများကြီး ရင်းနှီးမှာ မဟုတ်ပါဘူး။

ဒါကြောင့် Short-term ဈေးကွက်ထဲမှာ Price Fluctuation တွေ ရှိနေနိုင်ပေမဲ့ ဒီလို Hashrate တက်လာတာဟာ Long-term အတွက်တော့ အလွန် Positive ဖြစ်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

ဒီလို Network ရဲ့ နောက်ကွယ်က Data တွေကို နားလည်ထားရင် Investor တစ်ယောက်အနေနဲ့ Market ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် မြင်နိုင်မှာပါ။

Crypto နဲ့ Investment အကြောင်းတွေသိဖို့ CryptoBit ကို Subscribe လုပ်ထားပါ

#Bitcoin #Hashrate #CryptoQuant #CryptoNews #CryptoInvestment #cryptobit
October 22, 2026 104 1