US 2026 Midterm Elections နီးလာတာနဲ့အမျှ Crypto market မှာ…

US 2026 Midterm Elections နီးလာတာနဲ့အမျှ Crypto market မှာ ဂယက်တွေတော်တော်ထနေပါပြီ။ Crypto PAC တွေနဲ့ Lobby groups တွေက ဒီ ရွေးကောက်ပွဲမှာ ဒေါ်လာ ၁၇၆ သန်းကျော်တောင် သုံးပြီး Campaign လုပ်နေကြတာပါ။ ဘာကြောင့် Crypto industry က ဒီ Midterms ရွေးကောက်ပွဲအပေါ် ဒီလောက်တောင် အလောင်းအစားကြီးနေရတာလဲ။

အဓိကအကြောင်းအရင်းကတော့ US Congress ကို ဘယ် Party က ထိန်းချုပ်မလဲဆိုတာပေါ် မူတည်ပြီး Crypto တွေရဲ့ အနာဂတ် ရေးဆွဲမှုတွေ ပြောင်းလဲသွားနိုင်လို့ပါ။ Republican ပဲနိုင်နိုင် Democrat ပဲနိုင်နိုင် Pro-crypto ဖြစ်တဲ့ Politicians တွေ Senate နဲ့ House of Representatives မှာ နေရာရဖို့က ခရစ်ပတိုလောကတစ်ခုလုံးအတွက် အသက်ပါပဲ။

လတ်တလောမှာ US SEC ရဲ့ တင်းကြပ်တဲ့ Regulations တွေကြောင့် Crypto Companies တွေ တော်တော်လေး အခက်တွေ့နေရတာ အားလုံးအသိပါပဲ။ ဒီ 2026 Midterms ရလဒ်ပေါ်မူတည်ပြီး Stablecoin bill တွေ၊ Market structure legislation တွေ ဘယ်လိုရှေ့ဆက်မလဲဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း သိရတော့မှာပါ။ Pro-crypto ဖြစ်တဲ့ ဥပဒေတွေ ထွက်လာရင် Market တစ်ခုလုံးအတွက် အများကြီး အပြုသဘောဆောင်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် Crypto Investors တွေအနေနဲ့ ဒီ Election ရလဒ်တွေကို သေချာ စောင့်ကြည့်ဖို့ လိုပါတယ်။ ရွေးကောက်ပွဲ အနိုင်အရှုံးပေါ် မူတည်ပြီး Bitcoin အပါအဝင် Altcoin တွေရဲ့ Price Action ကပါ သိသိသာသာ လှုပ်ခါသွားနိုင်လို့ပါ။ Crypto သမိုင်းမှာလည်း US ရဲ့ Political shift တိုင်းက Market Sentiment ကို အမြဲတမ်း ပုံစံတစ်မျိုးမျိုးနဲ့ သက်ရောက်မှုရှိခဲ့တာ မို့လို့ပါပဲ။

Crypto နဲ့ Investment အကြောင်းတွေသိဖို့ CryptoBit ကို Subscribe လုပ်ထားပါ

#cryptobit
#crypto
#USMidterms2026
#bitcoin
#cryptoregulation
#investment
November 3, 2026 32