pdf လူငယ်အများစုက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရေးကို အဓိကထားပေမယ့် တိုင်းရင်းသားအဖွဲ့အစည်းတွေက ၎င်းတို့ရဲ့ အမျိုးသားရေး တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် နယ်မြေတည်ငြိမ်ရေးတို့ကို ဆယ်စုနှစ်များစွာကတည်းက ဦးတည်ချက်ထားခဲ့ကြတာပါ။
နောက်ပြီး မြန်မာနိုင်ငံရဲ့ ပဋိပက္ခဟာ ပြည်တွင်းရေး သက်သက်တင်မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံကြီးများ (အထူးသဖြင့် တရုတ်နိုင်ငံ) ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားများ၊ နယ်စပ်ဒေသ တည်ငြိမ်ရေး မူဝါဒများနဲ့လည်း တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆက်စပ်နေတာကြောင့်
ရေရှည်မှာ တိုင်းပြည်ရဲ့ ပိုင်နက်နယ်ပယ်နဲ့ အချုပ်အခြာအာဏာအပေါ် သက်ရောက်လာနိုင်မယ့် အန္တရာယ်တွေကို မြော်မြင်တတ်ဖို့ လိုပါတယ်။
စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ p ကုန်းအော်နေရုံနဲ့တော့ p ပဲချခံရမှာဖြစ်ပြီး တိုင်းပြည်လည်းအကျိုးမဲ့နိုင်ပါကြောင်း
Forwarded fromစစ်ရေးအမြင် (Defense Insight)

12
1May 19, 2026 1.3K