PDF လူငယ်လေးတွေသေလိုက် ပြည်ပကနေ ဘီယာလေး ဝိုင်လေးသောက် ပုံလေးတင်ပီး… — COMMANDO🪖MYANMAR🇲🇲 — TG.ME

PDF လူငယ်လေးတွေသေလိုက် ပြည်ပကနေ ဘီယာလေး ဝိုင်လေးသောက် ပုံလေးတင်ပီး ရင်နာလိုက်တာ ကမ္ဘာမကြေဘူး ကမန်းကတန်း ထအော်လိုက် အလှူခံစားလိုက်

ကမ္ဘာမကြေ ရင်နာနေရင် ပြန်လာကူတိုက်ပေးလိုက်လေ

ကိုယ်ကတော့ စစ်မှုထမ်းရန်အသင့် လက်နက်ကိုင်ရန်အသင့် သွေးကြွေးမှာဆွေးနွေးစရာမလိုဘူးကြွေးကြော် ၂၀၂၁ ဖေဖော်ဝါရီကတည်းက အမေရိကား ရောက်နေကြပီ။

ကိုယ်တင်ပြေးတာမဟုတ် ဆွေးမျိုးမိဘတွေပါ ခေါ်သွားကြတာ။

ပြည်တွင်းကလူတွေက ပြန်စရာအိမ်မရှိတော့ဘူး သူတို့က ပြည်ပမှာ အိမ်ပိုင်နေပီ ချမ်းသာနေပီ

လူယုတ်မာတွေ လူ့တိရိစ္ဆာန်တွေ

ကိုယ့်မိဘရော ကိုယ်ရောအညာသားမလို့ အညာကလူငယ်တွေပြောပြချင်တာက

တော်လှန်ရေးအစပြုခဲ့တဲ့ ရန်ကုန် မန္တလေးမြို့ကြီးတွေက လူတွေအကုန်လုံး ကိုယ့်အလုပ်ကိုလုပ် ပုံမှန်ဖြစ် ပျော်ပါးနေကြတာ ၄ နှစ်လောက်ရှိပီ

မြှောက်ပေးနေတဲ့ နိုင်ငံရေးလုပ်စားတွေ လော်ဘီတွေကလည်း ပြည်ပမှာဇိမ်ကျနေပီ

ခု နှစ်ဖက်ချနေတဲ့ ပျူဖြစ်ဖြစ် PDF ဖြစ်ဖြစ် အားလုံးက ဒို့ အညာသူ အညာသား ညီကိုမောင်နှမတွေပဲ

တစ်ချိန်က နှစ်ရွာတရွာနေ သူ့ဘုရားပွဲကိုယ်သွား ကိုယ့်ဘုရားပွဲကိုယ်သွား ချစ်ချစ်ခင်ခင်နေလာကြသူတွေ

ငါ့ညီတို့ ဘယ်သူ့အတွက်လုပ်နေကြတာလဲ စဉ်းစား

ခုတိုက်နေတဲ့အထဲ ဘယ်ခေါင်းဆောင်သားသမီး ဘယ်သူဌေးသားသမီး ဘယ်လော်ဘီ ဘယ်အနုပညာရှင် ဘယ်သူတွေပါလဲ

မြင်အောင်ကြည့်ကြစမ်းပါ မအကြနဲ့တော့

ကိုယ့်ဘဝ ကိုယ့်မိဘ ကိုယ့်မိသားစုကိုပဲ အရင်ဆုံးပြန်ကြည့်ကြ တန်ဖိုးထားကြ

ကိုယ့်ပြည်သူချင်း တိုက်နေရတဲ့ပွဲ ဘယ်သူနိုင်နိုင် ကိုယ့်သွေးကို ဖောက်သောက်ရသလိုပဲ အရသာမရှိလှပါဘူးကွာ

အရသာရှိနေသူတွေက ဘေးကလက်ခုပ်တီးနေတဲ့ လူယုတ်မာ လူ့တိရိစ္ဆာန်တွေ

ငါတို့အညာသူ အညာသားတွေကို ချစ်လွန်းလို့ ပြောတာပါ

ငါမသိသလိုနေလိုက်လည်းရတယ် ဒါမျိုးပြောတာ ငါ့အတွက်အကျိုးမရှိဘူးဆိုတာလည်း သိတယ်

ငါတို့ ရိုးအတဲ့အညာသားတွေအတွက် မနေနိုင်ခံစားရလွန်းလို့ပြောလိုက်တာပဲ

- ကျော်ကြီး(MDY)
👍7
July 12, 2026 960