၁၉၉၅ ခုနှစ် ဇန်နဝါရီလထဲမှာ ကရင်သူပုန် KNU ရဲ့မာနယ်ပလောဌာနချုပ်ကို… — COMMANDO🪖MYANMAR🇲🇲 — TG.ME

🇲🇲၁၉၉၅ ခုနှစ် ဇန်နဝါရီလထဲမှာ ကရင်သူပုန် KNU ရဲ့မာနယ်ပလောဌာနချုပ်ကို မြန်မာ့တပ်မတော်က ချေမှုန်းသိမ်းပိုက်ခဲ့တယ်

တခါ-အဲ့ဒီကနေ တောင်ဖက်ဆင်းပြီး ကော့မူးရာ(ခေါ်)ဝါးခသစ်စခန်းကိုဆက်တိုက်ခဲ့ကြတယ်။

စခန်းက အိုမီဂါရှိတ်၊ဘေးနှစ်ဖက်က ထိုင်းပိုင်နက်နယ်မြေ

စခန်းအဝင်ဝက ကျဉ်းမြောင်းပြီး မိုင်းကွင်းတွေ၊လက်နက်ကြီးတွေ၊,၅ စက်သေနတ်တွေနဲ့ပုံသေပစ်ကြောင်းချပြီးသတ်ကွင်းဖော်ထားတာမို့ ရက်အတော်ကြာ ထိတိုးလို့မရခဲ့ဘူး..

တချိန်ထဲမှာ နော်တရာကုန်းမှာရှိတဲ့ မိမိအမြောက်တပ်ကို တဖက်နိုင်ငံ မဲဆောက် လေယာဉ်ကွင်းမြောက်ဖက်တောစပ်ထဲမှာပုံဖျက်ချထားတဲ့ ထိုင်းကြည်းတပ်ရဲ့၁၅၅ မမ ဟော်ဝစ်ဇာအမြောက် ၃ လက်က လှမ်း လှမ်းထုပေးနေခဲ့ပြန်တယ်

ထိုင်းအမြောက်ကူပစ်ပေးလို့ မိမိဖက်က အမြောက်တပ် အရာရှိနဲ့စစ်သည်အချို့ထိခိုက်ဒါဏ်ရာရ၊ကျဆုံးမှုရှိလာတဲ့အခါ အဲ့ဒီထိုင်းအမြောက်တွေကို ဖောက်ခွဲချေမှုန်းပစ်ဖို့ ဗခလှ၊ဗခ လွန်းသီ၊မိမိတို့ ၃-ဦးတိုင်ပင်၊အပေါ်ကိုတင်ပြပြီးအချိန်နဲ့တပြေးညီ ဆက်လက်ဆောင်ရွက်ခဲ့ကြတယ်..

(ထိုစဉ်က စစ်ရုံးကြီးရှိမိမိရဲ့လှမ်းရုံးခန်းက အဘတို့ရုံးခန်းတွေနဲ့ကပ်လျက်)

မိမိက အမြောက်တွေတည်နေရာကို ဂြိုလ်တုဓပုံနဲ့ရော၊အနီးကပ်ကောင်းကင်ဓပုံတွေနဲ့ရော၊အထောက်တော်သူလျှိုစေလွှတ်ပြီးရော၊သုံ့ပန်းစစ်ကြောခြင်းပြုလုပ်ပြီးရော..အသုံးပြု၊ရှာဖွေအတည်ပြုပေးခဲ့တယ်

(Cessna Citation II လေယာဉ်နဲ့အနီးကပ် ကောင်းကင်ဓပုံဘယ်လိုပျံသန်းရိုက်ကူးခဲ့သလဲ မမေးပါနဲ့)

ပစ်မှတ်အားလုံးအတည်ပြုပြီးတဲ့အခါ အဘလှက သူ့အပေါ်သစ္စာခံတဲ့ နယ်ခံကွန်မန်ဒိုအဖွဲ့စေလွှတ်ပြီး အားလုံးကိုဖောက်ခွဲဖျက်ဆီးပစ်နိုင်ခဲ့တယ်..

(ဒီဖြစ်စဉ်ကို အရင်တခါ Post တင်ပေးခဲ့ဘူးတယ်..အဲ့ဒီအဖွဲက ဘယ်လိုအဖွဲ့မျိုးလည်း မမေးပါနဲ့)

နောက်ဆုံးမတော့ ကော့မူးရာငပွေးစခန်းကို ဖေဖော်ဝါရီလကုန်ခါနီး(၂၁ရက်နေ့)မှာ သိမ်းပိုက်နိုင်ခဲ့တယ် နောက်ပိုင်းမှာ မြန်မာ့ စစ်ရေးမှာ ထိုင်းကြည်းတပ် ဝင်မငံရဲတော့ဘူး

☃️ပြောချင်တာက ဒီကနေ့ မိမိတို့ရဲ့ဝေါလေခံစစ်စခန်းကုန်းကို ကရင်အကြမ်း ဖက်သူပုန်မျိုးစုံစုပေါင်းတိုက်နေကြတာမှာ အနောက်က ထိုင်းကြည်းတပ်နဲ့ Free Burma Ranger အဖွဲ့တွေ ကျည်၊လက်နက်၊ဒရုန်း၊ရိက္ခာထောက်ပံ့နေကြောင်း၊ နိုင်ငံရေး သမားအမတ်အချို့လည်း ပူးပေါင်းပါဝင် နေကြောင်း..အရှင်းကြီးကြားသိနေရသမို့ အိမ်နီးချင်းသစ္စာမရှိသူကို..ဟိုတချိန်ကလို.. တဖက်ကမ်းနောက်တန်းထိထိုးဖောက်ဝင်ရောက်ပြီး အထင်ကရပစ်မှတ်တခုခုကို တကြော့ပြန်ဖောက်ခွဲဖျက်စီးပြလိုက်ရင်ဖြင့် မှတ်မှတ်သားသားလေးများ ရှိသွားလေမလား? အတွေးနယ်ချဲ့မိနေကြောင်းပါခများ😔

ရွှင်လန်းချမ်းမြေ့ကြပါစေ 🌿

(လေးလွင် MAf)(202028042026)
❤21👍11
April 28, 2026 1K 1 1