သတင်းတွေဘာတွေမရေးတာတော့ကြာပြီ။
အခုလူမှုကွန်ယက်မှာမြင်သလောက်ကိုစုစည်းသုံးသပ်ရမယ်ဆိုရင်.....
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့AAဟာတစ်ယောက်ခြေအကြွကိုတစ်ယောက်စောင့်ကြည့်နေတဲ့သဘောရှိတယ်။
AAဟာစစ်တွေကိုအပြီးသတ်တိုက်ခိုက်နိုင်ဖို့ စစ်တွေဝန်းကျင်ကရွာတွေကို သူတို့ရဲ့အင်အားတွေပို့နေပြီးစုစည်းနေတဲ့သတင်းတွေအခုရက်ပိုင်းခပ်စိတ်စိတ်တွေ့ရပါတယ်။ယခင်တိုက်ပွဲတွေမှာတပ်မတော်ဆီကသိမ်းဆည်းရမိတဲ့၊အမြောက်/သံချပ်ကာကားတွေကိုရွှေ့ပြီးပြီဆိုတာနဲ့ ၂၄နာရီအတွင်းတိုက်ပွဲစပါလိမ့်မယ်။
အနောက်နိုင်ငံလုပ် fiber optic control FPV drone တွေနဲ့ ကင်းထောက်ဒရုန်း၊drop bombကျဲတဲ့ဒရုန်းတွေလုံလုံလောက်လောက်ရထားတယ်ဆိုတဲ့သတင်းတွေကလည်းလအနည်းငယ်အကြာကတည်းကထွက်ပေါ်နေခဲ့ပါတယ်။
ချင်းပြည်နယ်ဘက်ကလက်ဖြောင့်၊ဒရုန်းအဖွဲ့နဲ့၊တိုက်ခိုက်ရေးအဖွဲ့တွေလည်းလာရောက်ပူးပေါင်းနေပြီး။သမားရိုးကျတွေးလိုက်ရင်တောင် ရာသီဥတုအခြေအနေကြောင့်လေကြောင်းကန့်သတ်ချက်ရှိလာနိုင်တဲ့မေလရဲ့ဒုတိယနဲ့တတိယပတ်တွေမှာ တိုက်ပွဲကိုဖော်ဆောင်လာနိုင်ပါတယ်။ဒီထက်စောရင်သာစောဖို့ရှိပါတယ်။
သို့သော်လည်း တစ်ဘက်ကတရုတ်ရဲ့BRIစီမံကိန်းကမေလထဲမှာပြန်လည်စတင်လာမှာဖြစ်လို့ တရုတ်ရဲ့လွှမ်းမိုးနိုင်မှုအခြေအနေကိုလည်းထည့်တွက်ရပါမယ်။
ဦးညား✍
11
2April 19, 2026 1.4K