တရုတ်နိုင်ငံ လျှပ်စစ်သံလိုက်လှိုင်းသုံး ရိုင်ဖယ်အသစ်ကို အောင်မြင်စွာ စမ်းသပ်
ဒီနေ့မှာပဲ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနကနေ တရုတ်နိုင်ငံထုတ် နောက်ဆုံးပေါ် လျှပ်စစ်သံလိုက် ရိုင်ဖယ် (Next-Gen Electromagnetic Gun) ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်းနဲ့ လက်ရှိသုံးစွဲနေတဲ့ မောင်းပြန်ရိုင်ဖယ်တွေနေရာမှာ အစားထိုးဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ထုတ်ဖော်ပြသလိုက်ပါတယ်။
၎င်းသေနတ်က ပြောင်းအရှည် ၃၀ စင်တီမီတာခန့်သာရှိပြီး တစ်ဖက်တည်းနဲ့ ကိုင်ပစ်နိုင်လောက်အောင် ပေါ့ပါးပါတယ်။
လက်နက်ပေါ်မှာ ဘက်ထရီအခြေအနေ၊ ကျန်ရှိတဲ့ ကျည်အရေအတွက်နဲ့ ပစ်ခတ်မှုမုဒ် (Firing mode) တွေကို ပြသပေးတဲ့ Electronic Display ပါဝင်ပါတယ်။
ပစ်မှတ်ရဲ့ အကွာအဝေးပေါ် မူတည်ပြီး လျှပ်စီးကြောင်းကို ချိန်ညှိကာ ကျည်ဆန်ရဲ့ အရှိန်နဲ့ ဖျက်ဆီးအားကို စိတ်ကြိုက်ထိန်းချုပ်နိုင်ပါတယ်။
ယမ်းမသုံးတဲ့အတွက် ပစ်ခတ်ချိန်မှာ မီးပွင့်တာ (Muzzle flash)၊ မီးခိုးထွက်တာနဲ့ အသံကျယ်ကျယ်ထွက်တာမျိုး မရှိလို့ ပုန်းလျှိုးကွယ်လျှိုး စစ်ဆင်ရေး (Stealth Operations) တွေအတွက် အကောင်းဆုံးပါပဲ။
#DefenseInsight #ChinaMilitaryTech #ElectromagneticRifle #NextGenWeapons
Forwarded fromစစ်ရေးအမြင် (Defense Insight)

10April 6, 2026 1.6K 2