Devil (2023)
ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် ခေါင်းစဉ်ကြည့်လိုက်တာနဲ့ ကြည့်ချင်စိတ်ပေါက်သွားမယ်လို ယူဆပါတယ် တကယ့်ကို ဆားပုလင်းနှင်းမောင် အိန္ဒိယဗားရှင်းပါပဲ ဒါပေမဲ့ ကိုနှင်းမောင်လိုတော့ စုံထောက်ပဲသက်သက်လုပ်ပြီး လူသတ်မှုပဲစုံစမ်းနေတာတော့ မဟုတ်ပါဘူးစုံထောက် အက်ရှင် အချစ်ဇာတ်ကြမ်းလေးပေါ့ဗျာ အဲ့လိုရေးထားလို ကြည့်မကောင်းဘူး ပေါမယ်မထင်လိုက်ပါနဲ့ တကယ့်ကို အိန္ဒိယကားပီပီ အချိတ်အဆက်မိမိနဲ့အက်ရှင်ဒရာမာအချိုးအစားစားကျကျ တင်ဆက်ပေးထားတာပါဇာတ်လမ်းအစမှာ လူသတ်မှုတစ်ခုဖြစ်ပါတယ် အဲ့ဒါကို ဗြိတိသျှအစိုးရက အထူးအေးဂျင့်ဒေဗယ်(နတ်ဆိုး)ကို ဖြေရှင်းဖိုတာဝန်ပေးလိုက်ပါတယ် လူသတ်မှုကသပွတ်အူလိုရှုပ်ထွေးနေတာကို ဒေဗယ်တစ်ယောက်အသေးစိတ်စုံစမ်းရင်း လူသတ်မှုသံသယတရားခံရဲ့တူမလေး ဒေဗီကို ချစ်မိသွားပါတော့တယ်လူသတ်မှုကလည်း နောက်ကွယ်က လျှိဝှက်ချက်မြှပ်ကွက်ပေါင်းများစွာနဲ့ ထင်ထားတာထက်ပိုနက်နဲပြီး ဒါကိုစုံစမ်းခိုင်းတဲ့ ဗြိတိသျှအစိုးရကိုယ်တိုင်ကအခြားရည်ရွယ်ချက်တွေ ရှိနေတဲ့အခါမှာတော့ အေးဂျင့်ဒေဗယ်တစ်ယောက် ဘာတွေကြုံတွေ့ရပြီး ဘာဆက်ဖြစ်ကြမလဲဆိုတာ စုံစမ်းရေးနောက်ခံဇာတ်ကားပေမဲ့ လူသတ်မှုစုံထောက်တာလေးနဲ့ အချစ်ဇာတ်လေးကို ကျောရိုးယူထားတော့ ကြည့်ရတာမပျင်းစေမဲ့ ဗြိတိသျှခေတ်စတိုင် အက်ရှင်ကားအလန်းလေးကို ပရိသတ်တို ခံစားနိုင်ဖို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကားကြည့်ရှုရန် 📽 👇
https://t.me/cinematicsphere07/426

1August 28, 2024 1.8K