Krrish (2006) Action, Adventure, Bollywood
IMDB: 6.3/10 12,914 votes
မင်းသား Hrithik Roshan ရဲ့နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကား Koi….Mil Gaya (2003) ရဲ့အဆက်ဇာတ်ကားဖြစ်ပါတယ်။Rohit နောက်သူ့ သား Krrishna (ကရစ်ရှ်နာ) ရဲ့ အကြောင်း ကတော့ လုံး၀ လူစွမ်းကောင်းဇာတ်ရုပ် အဖြစ်ကူး ပြောင်းသွားပါတယ်။ Krrish ဇာတ်ကား ထဲမှာတော့ Krrishna တစ်ယောက် ဟာ အဖေ ရော အမေရော မရှိ တော့ဘဲအဖွားဖြစ်သူ Sonia (ဆိုနီယား) နဲ့ အိန္ဒိယ မြောက်ပိုင်းက တောင်ပေါ်ရွာ လေးတစ်ရွာမှာ ဇာတ်မြှုပ်နေနေရာကစပါတယ်။ Sonia က သားဖြစ်သူ ရဲ့ သဘာဝလွန် စွမ်းအား တွေကြောင့် သားရော ချွေးမပါ ဆုံးရှုးခဲ့ရတဲ့အတွက် အဖေ့အမွေ ရထားတဲ့ မြေးလေး Krrishna ကိုအစွမ်းတွေ ထုတ်မသုံးဖို တားခဲ့ရာက Krrishna က အဖွားအသိအောင် တောင်ပေါ်မှာ သူ့ရဲ့ စွမ်းအား တွေကို ခိုးပြီး လေ့ကျင့်ရင်းတောင်တက်အဖွဲက မြိုသူချောလေး Priya (ပရီယာ) ကို စွဲလမ်းပြီး မြိုကိုလိုက်သွားပါတယ်။ မြိုပြမှာ Krrishna က ဆပ်ကပ် ပွဲတစ်ခုရဲ့ပေါက်ကွဲမှုကနေ လူကယ်ရင်း သူ့စွမ်းအားတွေကို လူသိမခံဘဲ အသုံးချဖို နည်းလမ်းတွေ့သွားပြီး အနာဂတ်ကို ဟောနိုင်တဲ့ စက်တစ်လုံးတည်ဆောက်မှုမှာ အသုံးချဖို ဖမ်းဆီးခံထားရတဲ့ သူ့အဖေကို ကယ်တင်ဖိုကြိုးစားပုံတွေကိုလည်း တွေ့ ရမှာပါ။
ဇာတ်ကားကြည့်ရှုရန် 📽 👇
https://t.me/cinematicsphere07/429

1August 28, 2024 5.3K