King of Adventure: Golden Jade Plate ( 2024 ) မင်ခေတ်နှောင်းပိုင်းမှာ… — Cinematic Sphere (Movies) — TG.ME

King of Adventure: Golden Jade Plate ( 2024 )

မင်ခေတ်နှောင်းပိုင်းမှာ တော်ဝင်မျိုးနွယ်တွေဟာ သူတိုအာဏာကျဆုံးပြီးလိုယူဆတဲ့အတွက် ရွှေငွေရတနာတွေကိုစုစည်းပြီးတော့ ဖွက်ထားလိုက်ကြတယ်။ တကယ်လိုမန်ချူးတွေဝင်လာရင်လဲ သူတိုသုံးဖိုရမယ်။ တကယ်လို မင်မင်းဆက်ကြီးပျက်သုန်းသွားတယ်ဆိုရင်လဲ အဲဒီရတနာတွေနဲ့ပြန်လည်ထူထောင်မယ်ဆိုတဲ့အတွေးနဲ့ပေါ့။မန်ချူးခေတ်နှောင်းပိုင်းမှာ အဲဒီရတနာတွေကိုသွားရှာခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဂျပန်ခေတ်ရောက်လာတဲ့အချိန်မှာ အဲဒီရတနာသိုက်အကြောင်းကို သိသွားတဲ့ဂျပန်တွေက အဲဒီရတနာသိုက်ကိုလုယူနိုင်ဖိုကြိုးစားလာပါတယ်။ ရတနာသိုက်မြေပုံကို ရွှေချည်ရေးတဲ့ကျောက်စိမ်းပန်းကန်ပြားထဲမှာ ထည့်သွင်းထားတယ်လိုဒဏ္ဍာရီရှိပေမယ့် ဘယ်ကနေဘယ်လိုအစဖော်မှန်းမသိဖြစ်နေကြတယ်။တရုတ်နိုင်ငံကလဲတော်လှန်ရေးအပြီးကာလပြန်လည်ထူထောင်ဖိုလိုအပ်နေတဲ့အချိန်ဖြစ်တဲ့အတွက် နိုင်ငံရဲ့ရတနာတွေကို ဂျပန်လက်မရောက်အောင် အရင်ဦးအောင် ရတနာတွေကိုရှာဖွေတဲ့ စွန့်စားခန်းဖွင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဂျပန်တွေရဲ့ရန်ကနေဘယ်လိုကာကွယ်ပြီး ပဟေဠိတွေအထပ်ထပ်ကိုဘယ်လိုဖော်ကြမလဲ နှစ်ရာချီကြာခဲ့ပြီဖြစ်တဲ့ ဒဏ္ဍာရီထဲကရတနာသိုက်ကရော တကယ်ရှိပါ့မလား....

ဇာတ်ကားကြည့်ရှုရန် 📽 👇
https://t.me/cinematicsphere07/425
❤1
August 28, 2024 1.6K