Lagaan: Once Upon a Time in India (2001)
ဒီဇာတ်ကားလေးကတော့ Aamir Khan (pk..3iIdiot မင်းသား) ပါဝင်သရုပ်ဆောင်ထားပြီးIMDB (8.2/10) Rotten Tomatoes (95%) ထိရရှိထားတဲ့အတွက်ဇာတ်ကားကောင်းတစ်ကားအဖြစ် လက်တိုပြောလိုက်ချင်ပါတယ်။Lagaan ဆိုတာ မြန်မာလိုတော့ ဆက်ကြေးလိုအဓိပ္ပါယ် သက်ရောက်ပါတယ်။(Lagaan ဇာတ်လမ်းအကျဉ်း)အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးမရသေးမီအချိန်မှာအင်္ဂလိပ်တွေရဲ့ လက်ဝါးအုပ်ကြီးစိုးမှုဒဏ်ကိုတောင်သူလယ်သမားတွေ အလူးအလဲခံခဲ့ရတယ်။ချန်ပါးနေးလ် ဆိုတဲ့ရွာလေးက လယ်သမားတွေလည်းအပါအဝင်ပေါ။့ချန်ပါးနေးလ် ရွာသားတွေဟာရသမျှ စပါးထဲကတစ်ပုံကိုဘုရင်ကိုဆက်သ ဘုရင်မှတစ်ဆင့် နယ်ချဲ့တွေဆီ အခွန်ပေးခဲ့ရတယ်။မိုးရာသီတစ်ခုမှာတော့ ဥတုကဖောက်ပြန်လိုမိုးကမရွာ စပါးကမသန်လို အခွန်ဆောင်ဖို စိတ်ပူခဲ့ရတယ်။အဲ့ဒီအတောအတွင်းမှာလည်းအခွန်နှစ်ဆပေးဆောင်စေရန်ဘုရင်ရဲ့အမိန့် ကလည်း နာကြားစေခဲ့တယ်။ရွာသားတွေကလည်းမတတ်သာသည့်အဆုံးဘုရင့်ဆီ အသနားခံရန်သွားရောက်ခဲ့ကြလေသည်။ရွာသားတို ရောက်သွားချိန်သည် ကပ္ပတိန်ရာဆယ်လ် ဦးဆောင်သောခရစ်ကတ်အသင်းတို ကစားနေသည့်အချိန်နှင့် တိုက်ဆိုင်နေရာ ခေတ္တစောင့်ပေးရန်ဘုရင့်ဆီမှ အကြောင်းကြားခဲ့သည်။ထိုအချိန်တွင် ဘဟူဘန် (Aamir Khan)လူငယ်လေးက မခံရပ်နိုင်ကာခရစ်ကတ်ဆော့ခြင်းအား အလကားဂိမ်းသာသာဟုမြည်တွန်ခဲ့လေသည်။ထိုစကားအား ကပ္ပတိန်ရာဆယ်လ် ကြားလေလျှင် ဘဟူဘန် အားခေါ်၍သူ့အသင်းအား အနိုင်ကစားနိုင်ပါက အခွန်ရှောင်ခွင့် သုံးနှစ်ပေးမည်ရှုးလျှင်မူအခွန်အဆ သုံးဆပေးမည်ဟု စိန်ခေါ်လောင်းကြေးထပ်ခဲ့သည်။ဘဟူဘန် ကလည်းသဘောတူ၍နောက်သုံးလပြီးလျှင် ယှဉ်ပြိုင်ရန်ချိန်းဆိုခဲ့ကြသည်။မဖြစ်နိုင်ခြင်းကို စိန်ခေါ်တတ်သော ဘဟူဘန်/ဘဟူဘန်ရှုးနိမ့်မည်ဟု မှတ်တွက်ထားသော ရာဆယ်လ်တိုကြား ကစားနည်းဟာရွာသားတွေအတွက်တော့ကြီးမားတဲ့ မျှော်လင့်ချက်ကြီးပါပဲ။ဒီဇာတ်ကားလေးမှာတော့စိန်ခေါ်ခြင်းတွေရဲ့ရလဒ်တရားကရောမည်သိုဖြစ်လာအံ့နည်း။ဘဟူဘန် ရဲ့ကြမ္မာကရော မည်သိုနည်း။ခရစ်ကတ်ဆော့ မတတ်သောသူအားကံတရားက မည်သို မျက်နှာသာပေးအံ့မည်လော။ဘဟူဘန်အပေါ် ရွာသားတွေရဲ့ သဘောထားကရော ဘယ်လိုဘယ်ပုံရှိအံ့နည်း။ခရစ်ကတ်ကစားနည်းအတွက်ကူညီမယ့်သူရောပါဝင်လုပ်ဆောင်မည့်သူရော ရှိလာနိုင်မည်လော။ဘဟူဘန် ရဲ့အချစ်ရေးတစ်စိတ်တစ်ပိုင်းကရောမည်သိုဖြစ်လာအံ့နည်း။ဒီဇာတ်ကားလေးမှာတော့ အားကစားအတွက်ပဲကြည့်သူ ဘဟူဘန်အတွက်ဇာတ်နိမ့် ဇာတ်မြင့် စွမ်းရည်နည်းခြင်း မနည်းခြင်း စတဲ့ အချက်တွေပေါ် လျစ်လျူခဲ့ပြီးကြိုးစား စည်းလုံး အောင်မြင်ကြောင်းကိုသာလမ်းပြပေးနိုင်ခဲ့သည်။မီးမာင်းထိုးပြခဲ့သည်။လူတစ်ယောက်ရဲ့အားနည်းချက်ကို အားသာချက်အဖြစ်ရှုမြင်တတ်သူ ဘဟူဘန်ကမည်သိုသော နည်းလမ်းများဖြင့်စွမ်းဆောင်နိုင်မည်ကိုလည်း ပုံဖော်ပေးခဲ့သည်။ဤဇာတ်ကားလေးမှာအဓိပ္ပါယ်အသွယ်သွယ်..ချစ်ခင်လေးစားဖွယ်အသွယ်သွယ်တိုအတုယူလေ့လာစေခဲ့သည့်အတွက်ဇာတ်ကားကောင်းတစ်ခုဟု ဆုံးဖြတ်နိုင်ခဲ့သည်။ကဲ…သင်သာ ဘဟူဘန်ဖြစ်ခဲ့လျှင် မကစား မကျွမ်းကျင်သာအလုပ်အားစိန်ခေါ်ဝံ့မည်လော။မည်သိုသော အစီအစဉ် များဖြင့်အောင်မြင် အောင်လုပ်ဆောင်မည်လော။ဖြေကြည့်ဖိုအတွက်တော့ Lagaan ဇာတ်ကားမှာ
အဖြေညှိ သိနိုင်ပါပြီ။
ဇာတ်ကားကြည့်ရှုရန် 📽 👇
https://t.me/cinematicsphere07/416

August 28, 2024 539