Dog Life / Perra Vida (2024) Comedy, Romance “အဲလက်စ်”ဟာဘဝမှာ… — Cinematic Sphere (Movies) — TG.ME

Dog Life / Perra Vida (2024) Comedy, Romance

“အဲလက်စ်”ဟာဘဝမှာ သူ့ရဲ့ခွေးလေးအာဇူမီကလွဲရင် မိသားစုရော အလုပ်ရော အားလုံးကိုဆုံးရှူံးထားရသူပါ​”ရိုမီနာ”ဟာရှေ့နေတစ်ယောက်ဖြစ်ပြီး အိမ်ထောင်ကွဲအမျိုးသမီးပါ သူ့ရဲ့သမီးလေး”ဂျာဗီးရား”က သူမဆီကနေထွက်သွားပြီး သူ့အဖေဆီသွားနေမှာကိုစိုးရိမ်နေသူပါ......“ဆိုဖာယာ”ကတော့ တိရစ္ဆာန်ဆရာဝန်တစ်ယောက်ဖြစ်ပြီး အချစ်ရေးမှာကံခေနေတာကြောင့် အခုချိန်အထိအိမ်ထောင်မကျသေးဘဲဖြစ်နေသူပါ“ကလော်ဒီယို”ကတော့ အတိတ်ကအမှားတစ်ခုကြောင့် ဘဝတစ်ခုလုံးပျက်စီးရမလိုဖြစ်နေပြီး စီးပွားရေးလုပ်ငန်းတစ်ခုကိုပြန်လည်စတင်ဖို့ကြိုးစားနေသူပါတစ်နေ့မှာ အဲလက်စ်ရဲ့ခွေးလေးအာဇူမီကို ရိုမီနာတစ်ယောက် ကားနဲ့ဝင်တိုက်မိခဲ့တာကြောင့် ခွေးမချစ်ပေမဲ့လည်း သမီး​ဖြစ်သူကချစ်နေတာကြောင့်တာဝန်ယူစောင့်ရှောက်ထားရပါတယ် အဲ့ကနေစပြီး သူတို့လေးယောက်တွေ့ဆုံဖို့အကြောင်းဖန်လာပါတယ် နောက်ဆုံးမှာ ဘယ်သူနဲ့ဘယ်သူရဲ့ကြားမှာရင်ခုန်သံတွေနိုးကြားလာမလဲ သူတိူ့တွေရဲ့ပူပင်သောကတွေကိုရောကုစားနိုင်မလားဆိုတာကို ဟာသဆန်ဆန်အပျင်းပြေကြည့်ရှုရမှာပါ......

ဇာတ်ကားကြည့်ရှုရန် 📽 👇
https://t.me/cinematicsphere07/413
August 28, 2024 378