Uppena(2021) Action, Drama, Romance IMDB: 6.8/10 3.3k votes… — Cinematic Sphere (Movies) — TG.ME

Uppena(2021) Action, Drama, Romance
IMDB: 6.8/10 3.3k votes

တေလဂူးလ်ကားတွေထဲ အချစ်ကားဆို သိပ်မကြိုက်ပေမယ့်ဒီကားလေးကတော့ အတော်လေး သဘောကျစရာကောင်းတယ်လိုပဲပြောရမှာပေါ့. ဇာတ်လမ်းအစမှာ ကြည်နူးဖွယ်ဇာတ်ဝင်ခန်းတွေအလယ်လောက်မှာတော့ ခံပြင်းစရာဇာတ်ဝင်ခန်းမျိုးနဲ့ဇာတ်လမ်းအဆုံးမှာတော့ မထင်မှတ်ထားတဲ့အချိုးအကွေ့နဲ ဆွဲဆောင်သွားမယ့် ဇာတ်အိမ်မျိုးနဲ့ ရိုက်ကူးထားပါတယ်။မျိုးရိုးမတူတဲ့ လူငယ်နှစ်ယောက်ကြားက မေတ္တာရယ်မျိုးရိုးဇာတ်ဆိုတာကြီးကို သိပ်ကို ပြင်းထန်စွာ ခံယူထားတဲ့ ရာယာနမ်ဆိုတဲ့ လူကြီးရဲ့အတ္တတရားကို အိုဗာအက်တင်သိပ်မပါပဲ ကြည့်ရမယ့်ကားမျိုးပေါ့။ကုလားပြည်မှာက မျိုးရိုးဇာတ်ခွဲခြားမှုတွေ သိပ်ကိုပြင်းထန်ခဲ့တာပေါ့ဗျာလူလူချင်းတူပေမယ့် မျိုးရိုးဇာတ်နိမ့်သူက ပညာတက်ဖြစ်ရင်တောင်အဖတ်မလုပ် မတူမတန်ရွံစရာသလို ဆက်ဆံခံရတဲ့ အန္ဒိယပြည့်ရဲ့အရိပ်မည်းကြီးကို ဒီကားက အခြေပြု ရိုက်ကူးထားပါတယ်။ရာယာနမ်ဆိုတဲ့ လူကြီးက ရွာရဲမျက်နှာဖုံးမျိုးရိုးဇာတ်အမြင့်ကိုမှ လူလိုထင်တဲ့လူသမီးဖြစ်သူကို ကောလိပ်တတ်ဖိုရွာကို မြိုကောလိပ်က ဘတ်စ်ကားကိုပါလာခေါ်ခိုင်းနိုင်ပြီး တရွာလုံးကလူတွေကိုသေဆိုသေရှင်ဆိုရှင်စေနိုင်တဲ့ထိ အာဏာဆက်ပြင်းတဲ့လူကြီးသမီးဖြစ်သူ ဆဂီးသာကတော့ ဖြူစင်တဲ့ကောင်မလေးပေါ့သူမ အဖေရာယာနမ်က သူ့ကိုသိပ်ဂရုမစိုက်ဘူးခံစားရလိုအားကိုးရမယ့် ချစ်သူကို ရှာဖွေနေသူပါ. တနေ့တော့မထင်မှတ်ပဲ သူ့ကျောင်းအပြန်လမ်းက ရန်ပွဲမှာ
သူ့ရင်ခုန်ရာ ကောင်လေးကိုရှာတွေ့ခဲ့ပါတယ်ကောင်လေးက သူတိုရွာနားက ကမ်းစပ်မှာနေထိုင်စားသောက်ပြီး တံငါသည်လုပ်ငန်းနဲ့အသက်မွေးရတဲ့ ဆင်းရဲသားမျိုးရိုးဇာတ်နိမ့်သူဒါပေမယ့် သူမကတော့ ဒါတွေစိတ်မဝင်စားခဲ့ပါသူမတိုနှစ်ယောက်ရဲ့ အချစ်ရေးကို အဖေဖြစ်သူရာယာနမ်က သိတဲ့အခါမှာတော့တကယ်ကို ကောင်းတဲ့ဇာတ်လမ်းပါပဲအချစ်ရယ် မျိုးရိုးဇာတ်ခွဲခြားမှုရယလွန်ဆန်တာကို လှလှပပ ရိုက်ပြထားတာမလိုကြည့်စေချင်ပါတယ်။

ဇာတ်ကားကြည့်ရှုရန် 📽 👇
https://t.me/cinematicsphere07/412
August 28, 2024 364