လက်တွဲရင်ဆိုင် ဖေးမကူ CHID Bank နဲ့အတူ 🤝
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးဧကများနှင့် အိမ်ခြေများ ထိခိုက်ဆုံးရှုံးခဲ့ရသည့် မိဘပြည်သူများအတွက် CHID Bank မိသားစုမှ ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်ရပါသည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် CHID Bank ဝန်ထမ်းများမှ လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာသို့ ကိုယ်တိုင်သွားရောက်ကာ တာတမံနှင့် ဆည်များ ပြုပြင်ထိန်းသိမ်းရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများ၊ ယန္တရားမောင်းနှင်သူများနှင့် တာဝန်ရှိသူများအတွက် အားပေးကူညီမှုတစ်ရပ် ဖြစ်စေရန် ရည်ရွယ်၍ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁၁၀ ခန့်ရှိသော စားသောက်ကုန်များ၊ ဆေးဝါးများ၊ မိုးကာအကျီများ၊ အရေးပေါ်အသုံးအဆောင်များနှင့် ငွေသားကျပ်သိန်း ၃၀ တိတိ သွားရောက်လှူဒါန်းမှုပုံရိပ်များကို မျှဝေလိုက်ရပါတယ်ရှင်။
“လက်တွဲရင်ဆိုင် ဖေးမကူ” ဆိုသည့်အတိုင်း CHID Bank သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးနှင့်အတူ အတူတကွ လက်တွဲရင်ဆိုင်ကာ လိုအပ်သည့်အခါတိုင်းတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ကူညီသွားမည်ဖြစ်ပါသည်။ #CHIDBank #PromisingFutures #ရေဘေးအလှူ🤝💙





















